မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ MPT သည် သုံးစွဲသူများအတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်နေရုံသာမက ဝန်ထမ်းများ၏ တီထွင်ဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ကိုလည်း မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
MPT-KSGM (JO) ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT သည် ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ပိုမိုကောင်းမွန်သော လုပ်ငန်းလည်ပတ်လုပ်ဆောင် နိုင်စေခြင်းနှင့် ရေရှည်တည်တံ့ တိုးတက်မှုကို ပံ့ပိုးရန်အတွက် “Innovation Challenges” ပြိုင်ပွဲ အစီအစဉ်ကိုမိတ်ဆက်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲ အစီအစဉ်သည် MPT ၏ ကတိကဝတ်ဖြစ်သော နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးအပ်မှုကို မြှင့်တင်ရန်နှင့် အနာဂတ်တွင်ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်စေရန် အတွက် အထောက်အပံ့များဖြစ်စေမည် ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်မှ ၂၀၂၅ ခုနှစ် ၊ မတ်လ (၁၀) ရက်အထိ ဆောင်ရွက်ခဲ့သော “Innovation Challenges” ပြိုင်ပွဲအစီအစဉ်တွင်တီထွင်ဖန်တီးမှု၊ ထိရောက်သော လုပ်ငန်းလည်ပတ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် အကြံဉာဏ်များ/ စိတ်ကူးစိတ်သန်းများ တင်ပြရန် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့ ပါသည်။
“Innovation Challenges” ပြိုင်ပွဲအတွက် လျှောက်လွှာ(တင်ပြချက်)များကို သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူများနှင့် အကြီးတန်း စီမံခန့်ခွဲမှုအရာရှိများပါဝင်သည့် အကဲဖြတ်အဖွဲ့၏ အကဲဖြတ်မှုများအပြီးတွင် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည့် အလားအလာရှိသော အကြံဉာဏ်များ/စိတ်ကူးစိတ်သန်းများ (တင်ပြချက်) များကို ရွေးချယ်ခဲ့ပါသည်။ ယင်းနောက်တွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသူလာသူအဖွဲ့ဝင်များက ၎င်းတို့၏ ဆန်းသစ်သော အကြံဉာဏ်များ/ စိတ်ကူးစိတ်သန်းများ (တင်ပြချက်များ) ကို ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွင်းတွင် အရာရှိချုပ်များ ပါဝင်သည့်အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များထံသို့ တိုက်ရိုက် ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ဆက်လက်၍ နောက်ဆုံးအဆင့်အကဲဖြတ်မှုအပြီးတွင် ရန်ကုန်ရုံးချုပ်မှ အဖွဲ့(၁) ဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ အဖွဲ့ (၁) ဖွဲ့တို့မှာ MPT ၏မဟာဗျူဟာကျ ရည်မှန်းချက်ကို အထောက်အပံ့ပြုနိုင်သည့် တင်ပြချက်များ ပြုလုပ်နိုင်ခဲ့ပြီး အနိုင်ရရှိသူများအဖြစ် ရွေးချက်ခဲ့ကာအဆိုပါအဖွဲ့ (၂) ဖွဲ့ ကို ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
Sustainable Growth and Operation Award ဆုကို ရရှိသွားသည့် အဖွဲ့များမှာ_
- ရန်ကုန် (ရုံးချုပ်)_ NextGen MPT Stars အဖွဲ့ (တီထွင်ဖန်တီးမှုကဏ္ဍ)
- တိုင်းဒေသကြီးနဲ့ ပြည်နယ်- ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) အဖွဲ့ (ထိရောက်သော လုပ်ငန်းလည်ပတ်မှု ကဏ္ဍ)
တို့ ဖြစ်ပါသည်။

MPT-KSGM JO ၏ ပူးတွဲအမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Kazuhiko MASUDA က “ကျွန်တော်တို့အနေနဲ့ ဆန်းသစ်တီထွင်ဖန်တီးမှုကို အားပေးတဲ့ လုပ်ငန်းခွင်တစ်ခုအဖြစ် မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်နေပါတယ်။“Innovation Challenges” ပြိုင်ပွဲအစီအစဉ်က ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေ/စိတ်ကူးစိတ်သန်းတွေ ပြသဖို့၊ ကျွမ်းကျင်အရည်အသွေးတွေ တိုးတက်စေဖို့နဲ့ ကျွန်တော်တို့ လုပ်ငန်းရဲ့အနာဂတ်ကို အောင်မြင်အောင်ပုံဖော်ရာမှာ အထောက်အပံ့ ဖြစ်စေမယ့်အစီအစဉ် တစ်ခုဖြစ်ပါတယ်။ အခုလိုတင်ပြလာတဲ့ အကြံဉာဏ်တွေ/စိတ်ကူးစိတ်သန်းတွေက အဖွဲ့အစည်းအတွက် ပိုမိုတိုးတက် ကောင်းမွန်စေပြီး ဝန်ဆောင်မှု အရည်အသွေးတွေကို မြှင့်တင်နိုင်မယ့်အပြင် အနာဂတ်အတွက် ရှေရည်တိုးတက်မှုကိုဖော်ဆောင်ရာမှာလည်း အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။
” “Innovation Challenges” ပြိုင်ပွဲမှာဆုရရှိခဲ့ကြတဲ့အဖွဲ့တွေကို ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုလိုပြီးဒီပြိုင်ပွဲအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းအားလုံးနဲ့ပံ့ပိုးကူညီပေးခဲ့ကြတဲ့ စီမံခန့်ခွဲမှုအရာရှိတွေကို ကျေးဇူးအထူးတင်ရှိပါတယ်”ဟု ပြောကြားခဲ့ပါသည်။
“Innovation Challenges” ပြိုင်ပွဲအစီအစဉ်တွင် ဆုရရှိသည့် ရန်ကုန် (ရုံးချုပ်) မှ NextGen MPT Stars အဖွဲ့ က “အခုလို
MPT က ကျင်းပပေးတဲ့ Innovation Challenges ပြိုင်ပွဲမှာ ဆုကိုရရှိတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ ဒီအစီအစဉ်ကို ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေနဲ့ စီမံခန့်ခွဲမှု အရာရှိတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ်လို့တွေးမိလိုက်တာနဲ့ စိတ်တွေက အလိုလိုတက်ကြွပြီး စိတ်ကူးစိတ်သန်းတွေလည်း ပိုမို ကောင်းမွန်လာတယ်။ လုပ်ငန်းတွင်းက နေ့စဉ်ဆောင်ရွက်ရတဲ့လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက်နေရင်းမှာပဲ ပြိုင်ပွဲမှာဆုရတဲ့အတွက် ကျွန်မတို့ ဖြတ်သန်းနေတဲ့ အသက်မွေးဝမ်းကျောင်းဘဝအတွက် မှတ်ကျောက်တစ်ခုဖြစ်စေမယ့်အပြင် အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့်လေးတစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“Innovation Challenges” ပြိုင်ပွဲအစီအစဉ်တွင် ဆုရရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး (အရှေ့) အဖွဲ့ က “ကျွန်တော်တို့အဖွဲ့အနေနဲ့ဒီအစီအစဉ်မှာ အခုလိုဆုရရှိတဲ့အတွက် အလွန်ပဲ ဝမ်းမြောက် ဂုဏ်ယူ မိပါတယ်။ ကျွန်တော်တို့ တင်ပြလိုက်တဲ့ အကြောင်းအရာကလည်းအဖွဲ့အစည်းအတွက် အများကြီး အကျိုးပြု လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ဝိုင်းဝန်းအကြံပြုပေးသူတွေကိုလည်း ကျေးဇူးတင်ရှိသလို အကဲဖြတ်ပေးတဲ့ စီမံခန့်ခွဲမှု အရာရှိတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်။ နောင်ကိုလည်း အခုလိုပြိုင်ပွဲတွေ လုပ်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တွေ ထွက်ပေါ်လာစေမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
ဆန်းသစ်တီထွင်မှု အပြင် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုကို တည်ထောင်ခြင်း
MPT သည် ဆန်းသစ်တီထွင်မှုကို ဦးတည် ဆောင်ရွက်သော လှုပ်ရှားမှုများအပြင် ဝန်ထမ်းများ၏ ကျန်းမာသာယာဝပြောမှုနှင့် ၎င်းတို့၏ပါဝင်ဆောင်ရွက်မှုတို့ကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ MPT သည်“TeamFit: Unite & Move” Zumba ကျန်းမာရေးလှုပ်ရှားမှု၊ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ယောဂကျန်းမာရေးလှုပ်ရှားမှု ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် အဖွဲ့လိုက်ဆောင်ရွက်မှု၊ အပြုသဘော ဆောင်သော လုပ်ငန်းခွင်နှင့် ဝန်ထမ်းများ၏ကျန်းမာသာယာဝပြောမှုကို ဆောင်ရွက်လျက်ရှိပါသည်။
MPT သည် ၎င်း၏ ခိုင်မာသော ကတိကဝတ်များနှင့်အတူ ဝန်ထမ်းများ၏ဖွံ့ဖြိုးတိုးတက်မှု ၊ ပူးပေါင်းဆောင်ရွက်မှု နှင့် ဆန်းသစ်တီထွင်မှုများကို အဓိကထား ဆောင်ရွက်နေပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည့် အခွင့်အလမ်းများကို ဆက်လက်ဖန်တီးပေးလျက်ရှိကာ အနာဂတ်တွင်မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုများဆောင်ရွက်သွားမည်ဖြစ်သည်။
MPTအကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သောhttps://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
NZ (ရိုးရာလေး)