အလာဘားမားပြည်နယ်က ဘရစ်တနီ အင်ဂရမ်ဆိုသူ အမျိုးသမီးဟာ ကလေးထပ်မရနိုင်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ ၁၀ နီးပါးအကြာမှာ ကလေး ၃ မြွှာပူး မွေးဖွားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဘရစ်တနီနဲ့ ခင်ပွန်းဖြစ်သူ ဂျို့ အင်ဂရမ်တို့ဟာ ၂၀၁၅ ခုနှစ်တုန်းက အကြီးဆုံးသားလေး JB ကို ပိုင်ဆိုင်ထားခဲ့တာပါ။ အခုနှစ် ဖေဖော်ဝါရီလမှာတော့ သမီးအမြွှာလေးတွေကို ရရှိခဲ့ပါတယ်။
ဘရစ်တနီတို့ဇနီးမောင်နှံအတွက် ၃ မြွှာပူးကိုယ်ဝန်လွယ်ထားရတဲ့ကိစ္စက အံ့အားသင့်စရာပါပဲ။ ၂၀၁၅ ခုနှစ်မှာ ဘရစ်တနီက မမျိုးဥအိမ်၊ မျိုးဥပြွန်နဲ့ တင်ပဆုံပိုင်းအတွင်း တစ်ရှုးနံရံတွေ အကုန်ပုံမှန်မဟုတ်တော့တဲ့ ပြဿနာ Endometriosis နဲ့ မျိုးဥအိမ် ရေအိတ်တည်တဲ့ရောဂါရှိခဲ့တာပါ။ Laparoscopy လို့ ခေါ်တဲ့ ဝမ်းဗိုက်မှာ အပေါက်လေးဖောက်ပြီး မှန်ပြောင်းနဲ့ ခွဲစိတ်မှုကို ခံယူခဲ့ပါတယ်။ ပထမကိုယ်ဝန်ကို သဘာဝအတိုင်းရလာတော့ အံ့ဩခဲ့ရပါတယ်။ အဲ့ဒီတုန်းက ဆရာဝန်တွေက အနာဂတ်မှာ နောက်ထပ်ကိုယ်ဝန်ဆောင်ချင်ရင် ခွဲစိတ်ကုသမှုတွေခံယူရလိမ့်မယ်လို့ ပြောခဲ့တာပါ။

သားအကြီးလေး JB ပြီးတော့ ကလေးရဖို့ ထပ်ခါထပ်ခါကြိုးစားခဲ့ပေမဲ့ ကိုယ်ဝန်ပျက်ကျတာတွေဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ဘရစ်တနီအတွက် အရာအားလုံးပြောင်းလဲသွားပါတယ်။ သူ့ရဲ့ အသက် ၃၆ နှစ်မွေးနေ့ရောက်ခါနီးမှာ ကလေးရှိမရှိစစ်ဆေးခဲ့ပါတယ်။ ကိုယ်ဝန်ရှိနေခဲ့တယ်ဆိုတာ ဆရာဝန်က အတည်ပြုပေးခဲ့ပါတယ်။ နောက်ကျသိလိုက်ရတာက ကိုယ်ဝန်က ၃ မြွှာပူးဖြစ်နေခဲ့ပါတယ်။ ဆရာဝန်က ဒုတိယကိုယ်ဝန်ရှိတာကို အတည်မပြုပေးခင်က ဘရစ်တနီက ၃ မြွှာပူးရှိနေတယ်ဆိုတဲ့ အိပ်မက်မက်ခဲ့တာပါသေးတယ်။
ကလေးမီးဖွားပြီးတဲ့နောက်မှာ ဘရစ်တနီဟာ သွေးပေါင်တက်တာ၊ နှလုံးကြွက်သားထူလာခြင်းကြောင့် နှလုံးကြီးခြင်းရောဂါ၊ နှလုံးပြဿနာအပါအဝင် နောက်ဆက်တွဲပြဿနာတွေကို ကြုံတွေ့ခဲ့ရပြီး ဆေးရုံပြန်တတ်ခဲ့ရပါတယ်။ ကလေး ၃မြွှာပူးကလည်း မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ၂ လလောက်နေခဲ့ရပါတယ်။ အခုတော့ မိခင်ရော ကလေးတွေပါ ကျန်းမာနေပါပြီ။
Ref: Mom welcomes triplets after 10 years of thinking she couldn’t have any more kids
WL ( ရိုးရာလေး)

