တွေ့ဆုံခွင့်အများဆုံး တောင်းဆိုခံရသူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ နပန်းကြယ်ပွင့် ဂျွန်ဆီနာ

9-27-2022-yyl-15.jpg

နပန်းကြယ်ပွင့်တစ်ဖြစ်လဲ သရုပ်ဆောင်မင်းသား ဂျွန်ဆီနာဟာ Make-A-Wish Foundation ရဲ့ အကြိမ်ရေအများဆုံး ဆန္ဒပြခံရသူအဖြစ် ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။ Make-A-Wish Foundation ဆိုတာ အသည်းအသန် နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အကျိုးအမြတ်မယူ အဖွဲ့အစည်းပါ။

Make-A-Wish Foundation မှာ ဂျွန်ဆီနာနဲ့ တွေ့ဆုံခွင့်ရချင်တယ်လို့ ဆန္ဒပြမှုပေါင်း ၆၅၀ အထိ ရှိခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် နပန်းသမားဘဝ စတင်ခဲ့ပြီးနောက် ၃ နှစ်အကြာဖြစ်တဲ့ ၂၀၀၂ ခုနှစ်မှာပဲ ဂျွန်ဆီနာနဲ့ တွေ့ဆုံခွင့်ရချင်တယ်ဆိုတဲ့ ပထမဆုံးတောင်းဆိုမှု ရရှိခဲ့တာပါ။ ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဂျွန်ဆီနာဟာ ကလေးငယ်တွေ အတွေ့ချင်ဆုံး ထင်ပေါ်ကျော်ကြားသူအဖြစ် ရပ်တည်နေပါတယ်။

” ဒီကိစ္စအတွက် ကျွန်တော့်ကို လိုအပ်လာပြီဆိုရင် ကျွန်တော် လုပ်လက်စအလုပ်အားလုံးကို ပစ်ချထားခဲ့ပြီး ကျွန်တော် ပူးပေါင်းပါဝင်ပေးမှာပါ။ အခုလို တွေ့ဆုံရတာမျိုးက အကောင်းဆုံးကိစ္စလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ကလေးငယ်တွေအတွက် အံ့အားသင့်စရာ အတွေ့အကြုံမျိုး ပေးနိုင်စွမ်းရှိတယ်ဆိုရင် ကျွန်တော့်ဘက်က လုပ်ပေးဖို့ အသင့်ပါပဲ” လို့ ဂျွန်ဆီနာက ဆိုပါတယ်။

ဂျွန်ဆီနာဟာ ၂၀၁၅ ခုနှစ်က Make-A-Wish Foundation မှာ တွေ့ဆုံခွင့်တောင်းဆိုမှု အကြိမ် ၅၀၀ ပြည့်တဲ့ ပထမဆုံး ထင်ပေါ်ကျော်ကြားသူ ဖြစ်ခဲ့တာပါ။ ကလေးငယ်တွေအချင်းချင်း စိတ်ရှည်သည်းခံမှု၊ လေးစားမှုနဲ့ ဆက်ဆံတက်စေဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ WWE ရဲ့ Be a Star (အနိုင်ကျင့်လှောင်ပြောင်စော်ကားမှု ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု)မှာလည်း ဂျွန်ဆီနာက အဓိက ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။

Ref: John Cena Sets Guinness World Record For Granting Most Wishes Through Make-A-Wish

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top