စီလင်းဒီရွန် (Celine Dion) အကြောင်းတစေ့တစောင်း

68b637280dec970eb6eb54273cdc872e.jpg

စီလင်းဒီရွန် (Celine Dion) ဆိုတာ ကမ္ဘာမှာ ပြောစမှတ်ပြုရလောက်အောင် ထင်ရှားကျော်ကြားတဲ့ နာမည်ပါ။ စီလင်းဒီရွန်က သန်မာထက်မြက်ပြီး တန်ဖိုးမြတ်တဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားမှု၊ ဂီတအမြင်ရှိမှု၊ ညှို့ယူဖမ်းစားနိုင်ပြီး လှပတဲ့အသံကို ပိုင်ဆိုင်ထားမှု စတဲ့ အကြောင်းတွေလောက်တော့သိပေမဲ့ သူ့အကြောင်း စေ့စေ့ပေါက်ပေါက်တော့ ကျွန်မတို့မသိထားပါဘူး။ စီလင်းဒီရွန်က သားသုံးယောက်မိခင်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ အန်းဂျလီကတော့၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ အကြောင်းလေး နည်းနည်းတော့ ဝေမျှပေးချင်ပါတယ်။

သူ (မ) က ယောက်ျားဘက်ကပါလာတဲ့ သားထက်ပိုငယ်ပါတယ်

စီလင်း နဲ့လက်မထပ်ခင် ခင်ပွန်းလောင်း ရန်နီးအန်းဂျလီ (Rene Angelil) မှာ အိမ်ထောင်ဆက် နှစ်ဆက်ရှိခဲ့ပါတယ်။ ပထမအိမ်ထောင်ဆက်က ဒီနိုင်းဆဲ ( Denyse) ဆိုသူအမျိုးသမီး နဲ့ ဖြစ်ပြီး ၁၉၆၆ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးမှာ ပက်ထရစ်အန်းဂျလီ လို့ခေါ်တဲ့ သားတစ်ဦးမွေးဖွားခဲ့ပါတယ်။ စီလင်းနဲ့ ရန်နီး လက်ထပ်ချိန်မှာ သားဖြစ်သူ ပက်ထရစ်က သူ(မ) ထက်တောင် အသက် နည်းနည်းပိုကြီးပါတယ်။

မိခင်ဖြစ်သူနဲ့ပြဿနာ

စီလင်းက ရန်နီးကို ဘယ်လောက်ပဲ မေတ္တာသက်ဝင်ပါစေ သူ(မ) ရဲ့ အမေကတော့ သူတို့နှစ်ဦးကို ကန့်ကွက်သလို ပတ်သက်မှုမရှိအောင် တတ်နိုင်သမျှ အာဏာသုံးပြီး တားမြစ်ခဲ့ပါတယ်။ အိမ်ထောင်နှစ်ခါကွဲထားတယ်ဆိုတဲ့ အချက်က စီလင်းရဲ့အမေအတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေခဲ့ပါတယ်။

ကလေးမွေးဖွားခြင်းပြဿနာ

၂၀၀၀ ခုနှစ်မှာ စီလင်းက ဖျော်ဖြေတင်ဆက်မှုတွေကို နားပြီး မိသားစု အတွက် အချိန်ပေးခဲ့ပါတယ်။ ကိုယ်ဝန်အကြိမ်ကြိမ်ပျက်ကျ ပြီးတဲ့နောက်မှာ သူ (မ)က ဆေးဝါးကုသမှုတွေခံယူပြီး သန္ဓေသားရနိုင်ခွင့်ကို ဖန်တီးယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ ပထမဆုံးသားလေး ရန်နီးချားလ်စ်ကို မွေးဖွားခဲ့ပါတယ်။

သေခြင်းတရားနဲ့ နီးစပ်ခဲ့ပုံများ

စီလင်းဒီရွန်က သေလုနီးပါးဖြစ်ခဲ့ရတဲ့ အဖြစ်မျိုး အများကြီးကြုံခဲ့ရပေမယ့် သူ(မ) (၅) နှစ်သမီး အရွယ်မှာဖြစ်ခဲ့တာလောက် ဘယ်အရာကမှ မဆိုးရွားခဲ့ပါဘူး။ သူ(မ) ငါးနှစ်သားအရွယ်မှာ ထရပ်ကားနဲ့တိုက်မိပြီး ဦးခေါင်းခွံထိသွားလို့ တစ်ပတ်နီးပါး မေ့မျောသတိလစ်နေခဲ့ပါတယ်။ ကံကောင်းထောက်မလို့သာ အသက်ရှင်ခဲ့ရတာပါ။

“My Heart will go on” သီချင်းက သူ့အကြိုက်မဟုတ်ခဲ့ပါဘူး

တိုင်တန်းနစ် ဇာတ်ဝင်တေး “My Heart will go on” ကို အသံသွင်းတုန်းက ဒီသီချင်းက ပေါက်မှာ မဟုတ်သလို သူ (မ) အလုပ်အကိုင်ကိုထိခိုက်စေနိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာတောင် “ အစက ဒီသီချင်းကို မကြိုက်ခဲ့ပါဘူး။ ဇာတ်ဝင်တေး အတွက် အခြားသီချင်းတစ်ပုဒ် လုပ်ခဲ့သေးတယ်။ မထင်မှတ်ဘဲ ဒီသီချင်းက အရမ်းအောင်မြင်ခဲ့ပြီး ကံဇာတာတွေ တက်လာခဲ့ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။

ဒီသီချင်းကိုစင်ပေါ်မှာ ဖျော်ဖြေဖို့ အကြံပေးခဲ့သူကရန်နီးပါ

“My Heart Will go on” သီချင်းကို စင်ပေါ်မှာ တစ်ကိုယ်တော် ဆိုတာလောက်တော့ အနိမ့်ဆုံးလုပ်သင့်တယ် လို့ အကြံပေးခဲ့သူက ရန်နီးပါ။ ဒါကို စီလင်းက သဘောတူခဲ့ပြီး တစ်ကိုယ်တော်သီဆိုဖျော်ဖြေမှုကိုပြုလုပ်ခဲ့ရာမှာ တစ်ကမ္ဘာလုံးကို ပေါက်သွားခဲ့ပါတယ်။ ဒီသီချင်းကို သူက တစ်ကြိမ်ပဲ စင်ပေါ်မှာ ကိုယ်တိုင်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

Ref: Celine Dion “Her life, Her Loves and The truth about the man who changed her life”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top