Wonder Woman 2 မှာလည်း ဆက်လက်ပါဝင်ဦးမယ့် Gal Gadot

g.jpg

Wonder Woman ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ Wonder Woman 2 ထွက်ရှိလာမယ့် ရက်စွဲကို Warner Bros က ထုတ်ပြန်ကြေညာလိုက်ပါပြီ။

Wonder Woman 2 ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Wonder Woman 2 မှာလည်း Wonder Woman ရုပ်ရှင်က အဓိက ဇာတ်ဆောင် မင်းသမီး Gal Gadot ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။ သူမဟာ Diana Prince ဇာတ်ကောင် အဖြစ် ၂၀၁၆ က ထွက်ရှိခဲ့တဲ့ Batman v Superman: Dawn of Justice ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလမှာ ထွက်ရှိမယ့် Justice League ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Wonder Woman ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖြစ်သူ Patty Jenkins ကပဲ Wonder Woman 2 ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးသွားမလား ဆိုတာကတော့ ညှိနှိုင်းနေဆဲဖြစ်ပြီး သူမက တရားဝင် မကြေညာသေးပါဘူး။ Patty Jenkins က ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့တဲ့ Wonder Woman ရုပ်ရှင်ဟာ မြောက်အမေရိက ရုပ်ရှင်ဈေးကွက်မှာ ဆယ့်ငါးနှစ်အတွင်း တခြားသော စူပါဟီးရိုးရုပ်ရှင်တွေထက် ဝင်ငွေပိုကောင်းတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါ။

Ref: The Hollywood Reporter: Wonder Woman 2′ Sets Release Date

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top