ခင်ပွန်းဖြစ်သူ မသေဆုံးခင် ၂ ပတ်အလိုမှာ ထီဆုကြီးပေါက်ခဲ့တဲ့ အမျိုးသမီး

19.6.2024-yyl-2.jpg

ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ခင်ပွန်းဖြစ်သူကို တစ်နေ့ သူ ထီဆုကြီးပေါက်ရမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ သူ့ခင်ပွန်းမသေဆုံးခင် ၂ ပတ်လိုမှာ အဲ့ဒီကတိကို တည်နိုင်ခဲ့ပါတယ်။ အသက် ၆၁ နှစ်အရွယ် ကာရန် ကော့ဖ်မန်းဆိုတဲ့ အဲ့ဒီအမျိုးသားဟာ မတ်လမှာ ခဲခြစ်ထီ ဒေါ်လာ ၁ သန်းဆုပေါက်ခဲ့ပြီးနောက် ဇွန်လ ၁၃ ရက်နေ့မှာ ထီဆုချီးမြှင့်ခံခဲ့ရပါတယ်။

ထီဆုကြီးပေါက်ဝမ်းသာစရာဖြစ်ခဲ့ပေမဲ့ သူ ထီပေါက်ပြီး ၂ ပတ်အကြာမှာ ခင်ပွန်းဖြစ်သူက ဦးနှောက်အကျိတ်ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူ့ခင်ပွန်းမသေဆုံးခင်က ထီပေါက်တယ်ဆိုတာကို ပြောပြတော့ လိမ်နေတယ်လို့ပဲ ထင်နေခဲ့တာပါ။ ကာရန်ကိုယ်တိုင်ကလည်း အစက သူ ထီပေါက်တယ်ဆိုတာကို မယုံကြည်နိုင်ဖြစ်ခဲ့တာပါ။

ကာရန်က လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းကလည်း ခဲခြစ်ထီ ဒေါ်လာ ၆၅၀၀၀ ပေါက်ခဲ့ဖူးတယ်လို့သိရပါတယ်။ သူက အခု ထီဆုငွေရဲ့တစ်စိတ်တစ်ပိုင်းကို ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး ကျန်တဲ့ဆုငွေတွေကို ဖလော်ရီဒါမှာ နေထိုင်တဲ့အခါ အသုံးပြုသွားမှာဖြစ်ပါတယ်။ သူ့မြေးတွေနဲ့အတူ Disney World သွားနိုင်ဖို့၊ ငါးဖမ်းတာတွေလုပ်ဖို့လည်း မျှော်လင့်နေပါတယ်။

Ref: Pennsylvania Grandma Wins $1M Scratch-Off Prize 2 Weeks Before Husband’s Death: ‘Bittersweet’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply