အိမ်ခြေရာမဲ့ စစ်မှုထမ်းဟောင်းတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီဖို့ကြိုးစားနေတဲ့ ကောင်လေး

yyl-004-11.jpg

အသက် (၈) နှစ်အရွယ်ကောင်လေး တေလာ စတယ်လင်စ်က သူ့အသက် (၄) နှစ်ကတည်းက အိမ်ခြေရာမဲ့ စစ်မှုထမ်းဟောင်းတွေကို ကူညီဖို့အတွက် အစီအစဉ်ဆွဲခဲ့ပါတယ်။ သူဟာ အသက်သာငယ်ပေမဲ့ စစ်မှုထမ်းဟောင်းတွေအတွက် ဟီးရိုးဖြစ်ခဲ့ပြီး သူတို့ကို ကူညီပေးဖို့အတွက် ဒေါ်လာ (၅၀,၀၀၀) ကျော်စုမိဆောင်းမိခဲ့ပါတယ်။

တေလာရဲ့မိခင် အန်ဒရိုရာ ဘလက်ခ်စတုန်းက တေလာ အသက် (၄) နှစ်မှာ စစ်မှုထမ်းဟောင်းတွေက ဘယ်လောက် အရေးပါခဲ့တယ်ဆိုတာကို သိစေချင်ခဲ့ပါတယ်။ ဒါကြောင့် သူ့သားကို စစ်မှုထမ်းဟောင်းတွေနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကို ပြခဲ့ပြီး တိုင်းပြည်အတွက် သူတို့ ဘယ်လို လုပ်ဆောင်ခဲ့ကြတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

တေလာက ဗီဒီယိုတွေကို ကြည့်ပြီးတဲ့အခါမှာ ငိုယိုပြီး အကူအညီတောင်းခံနေတဲ့ စစ်မှုထမ်းဟောင်းတွေကို ဘယ်သူကမှ ခွန်းတုံ့မပြန်ခဲ့တဲ့အတွက် ဒါက မမှန်ဘူး။ သူ ဒါကို သဘောမကျဘူး။ သူတို့အတွက် ဟီးရိုးဖြစ်ခဲ့ရဲ့သားနဲ့ ဘာကြောင့် လမ်းပေါ်မှာ ရှိနေကြရတာလဲလို့ သူ့အမေက မေးခွန်းထုတ်ခဲ့ပါသေးတယ်။ လူတွေက စစ်မှုထမ်းဟောင်း အကုန်လုံးအတွက် အိမ်ဆောက်ပေးဖို့ မတက်နိုင်ကြောင်း တေလာရဲ့အမေက သူ့ကို ရှင်းပြခဲ့ပါတယ်။ တေလာက သူတို့အတွက် အကူအညီပေးဖို့ အစီအစဉ်ဆွဲထားတာကို သိရှိခဲ့တဲ့အခါမှာ သူ့အမေက အံ့အားသင့်ခဲ့ရပါတယ်။

မေရီလန်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဟာရီ ဟိုဂန်နဲ့ တေလာကို အဆက်အသွယ်ရအောင် အန်ဒရီရာက လုပ်ပေးခဲ့ပါတယ်။ ဟာရီ ဟိုဂန်ရဲ့အကူအညီနဲ့ Start A Snowball အဖွဲ့အစည်းကနေ တဆင့် ကလေးတစ်ယောက်ရဲ့ ထောက်ပံ့ကြေး ဒေါ်လာ ၁၀၀ ကို တေလာရရှိခဲ့ပြီး အဲဒီပိုက်ဆံနဲ့ အိမ်ခြေရာမဲ့ စစ်မှုထမ်းဟောင်းတွေအတွက် အဝတ်အစား၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို တစ်နှစ်တစ်ခါ Veteran’s Day ရောက်တိုင်း စုဆောင်းပေးမယ်လို့ တေလာက ဆုံးဖြတ်ခဲ့ပါတယ်။

တေလာက Maryland Center for Veteran Education and Training နဲ့ အလုပ်တွဲလုပ်ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းတွေရဲ့ စူပါဟီးရိုး တစ်ယောက်အနေနဲ့ တေလာရဲ့ရည်ရွယ်ချက်က အခြားသူတွေအပေါ် စစ်မှုထမ်းဟောင်းတွေရဲ့ အနစ်နာခံမှုကို သိမြင်လာအောင် အကူအညီလိုအပ်နေတဲ့ စစ်မှုထမ်းဟောင်းတွေကို “Hero Bags” တွေ ပေးဖို့ပဲဖြစ်ပါတယ်။
စစ်မှုထမ်းဟောင်းတွေအတွက် တေလာရဲ့”Hero Bags” မှာ အဝတ်အစား၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ မွေ့ရာနဲ့ အိပ်ရာခင်းတွေကဲ့သို့ ပစ္စည်းတွေပါဝင်ပါတယ်။ တေလာက MCVET ကို မွေ့ရာ ၂၅၀ လှူဒါန်းခဲ့တဲ့ ကုတင်မွေ့ရာကုမ္ပဏီ၊ “Hero Bags” ပစ္စည်းတွေကို ထည့်ပေးမယ့် လွယ်အိတ်တွေကို လက်ဆောင်ပေးခဲ့တဲ့ လွယ်အိတ်ကုမ္ပဏီတို့နဲ့ လက်တွဲဖြစ်ခဲ့ပါတယ်။

လေးနှစ်ကျော်အကြာမှာ တေလာက အိပ်ခြေရာမဲ့ စစ်မှုထမ်းဟောင်းတွေအတွက် ဒေါ်လာ ၅၀,၀၀၀ကျော် စုဆောင်းမိခဲ့ပါတယ်။ တေလာက စစ်မှုထမ်းဟောင်းတွေအတွက် အကူအညီဖြစ်ရုံသာမက စစ်မှုထမ်းဟောင်းတွေကို သိရတာကလည်း တေလာအတွက် အကူအညီဖြစ်ပါတယ်လို့ တေလာရဲ့မိခင်က ဆိုပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်အတွက် သူတို့လုပ်ခဲ့တဲ့ အရာတွေအတွက် သူတို့လိုအပ်တဲ့အရာတွေကို ရှိသင့်ပါတယ်။ သူတို့ရဲ့ပျော်ရွှင်တဲ့ အမူအယာကို မြင်ရင်း ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်” လို့ တေလာက ပြောပါတယ်။ တေလာက ကုန်တင်ကားတစ်စီးရဖို့အတွက် ရန်ပုံငွေ လုံလုံလောက်လောက်ရဖို့ မျှော်လင့်နေပါတယ်။ ဒါမှ အိပ်ခြေရာမဲ့ စစ်မှုထမ်းဟောင်းတွေကို ပိုပြီးကူညီနိုင်ဖို့အတွက် ပစ္စည်းတော်တော်များများကို သယ်နိုင်ဖို့ တေလာနဲ့ သူ့မိခင်တို့က ကုတင်ကားကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Ref: ABCNews “8-year-old Maryland boy raises over $50,000 for homeless veterans”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top