အပူထိန်းစနစ်အတွက် စံနမူနာယူစရာဖြစ်တဲ့ ပိုလာဝက်ဝံတွေရဲ့ ဖြစ်တည်မှု

polar.jpg

ရေခဲပြင်ထဲမှာ ကျင်လည်ကျက်စားတဲ့ ပိုလာဝက်ဝံတွေဟာ အဖြူရောင်သားမွှေးတွေကြောင့် အဖြူရောင်လို့ ထင်စရာရှိပေမဲ့ တကယ်တမ်းမှာတော့ သူတို့ရဲ့အရေပြားက အနက်ရောင်ပါ။

ပိုလာဝက်ဝံတွေဟာ အပူချိန် ထိန်းညှိမှုပိုင်းမှာ စံနမူနာယူစရာကောင်းတဲ့ ဖြစ်တည်မှုမျိုး ရှိပါတယ်။ အနက်ရောင်အရေပြားဟာ အပူဒဏ်ကို ကောင်းမွန်စွာ စုပ်ယူထိန်းသိမ်းထားပြီး အေးခဲနေတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ပိုလာဝက်ဝံတွေရဲ့ ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ဆောင်ပေးထားတာပါ။

ဖောက်ထွင်းမြင်ရပြီး ရောင်ခြယ်မပါတဲ့ အဖြူရောင်သားမွှေးတွေဟာ အရေပြားဆီကို နေရောင်ခြည် ရောက်ရှိစေပေမဲ့ လျှင်မြန်စွာ အလင်းပြန်စေနိုင်စွမ်းရှိပြီး ရေခဲပြင်ထဲမှာ ပိုလာဝက်ဝံတွေကို အလွယ်တကူ မမြင်နိုင်အောင် အထောက်အပံ့ ဖြစ်စေပါတယ်။

အနက်ရောင် အရေပြားပေါ်မှာရှိတဲ့ မယ်လနင်ဟာ အာတိတ်ဒေသရဲ့ ရှည်လျားတဲ့ နွေရာသီကာလတွေမှာ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးထားပြီး အရေပြားအောက်မှ ထူထဲတဲ့အဆီလွှာနဲ့ သားမွေးတွေကတော့ အပူဓာတ်ကို ပူးပေါင်းထိန်းသိမ်းပေးထားတာပါ။ ဒါကြောင့်လည်း ပိုလာဝက်ဝံတွေဟာ ကမ္ဘာပေါ်မှ ရာသီဥတု အကြမ်းတမ်းဆုံးဒေသမှာ ရှင်သန်နေထိုင်နိုင်စွမ်း ရှိတာ ဖြစ်ပါတယ်။

Ref: Polar bear’s skin is black

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top