မိုက်ခရိုဆော့ဖ်စီးအီးအိုရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာအကြံပြုချက်

28.3.2023-yyl-iamge-6.jpg

မိုက်ခရိုဆော့ဖ်ရဲ့စီးအီးအို စတ်ရာ နတ်ဒဲလ်လာဟာ ၁၉၉၂ ခုနှစ်က မိုက်ခရိုဆော့ဖ်မှာ လူငယ်အင်ဂျင်နီယာတစ်ဦးအဖြစ်ကစပြီး စီးအီးအိုဖြစ်လာတဲ့အထိ လွန်ခဲ့တဲ့ဆယ်စုနှစ် ၃ စုအတွင်း ခရီးရှည်ကြီးလျှောက်ခဲ့ရတာပါ။ သူက ၂၀၁၄ ခုနှစ်ကမှ မိုက်ခရိုဆော့ဖ်ရဲ့စီးအီးအိုဖြစ်လာခဲ့တာပါ။ စတ်ရာက ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီတွေထဲက တစ်ခုကို ဦးဆောင်ရဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တာပါ။ မိုက်ခရိုဆော့ဖ်ရုံးထဲကို စတင်ဝင်ရောက်တဲ့အချိန်မှာ ဒီမှာအလုပ်လုပ်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားခဲ့ရုံပါပဲ။ သူ့မှာ ရှိနိုင်တဲ့ ကမ္ဘာပေါ်က အကောင်းဆုံးအလုပ်ဖြစ်တယ်၊ ကျန်တဲ့အလုပ်တွေထပ်ပြီးမလိုအပ်ဘူးလို့ တွေးခဲ့တာပါ။

စီးအီးအိုဖြစ်လာတာက သူ့ရဲ့ရေရှည်အသက်မွေးဝမ်းကျောင်းအစီအစဉ်မှာ ပါဖို့ အတွေးတစ်ခုတောင်မရှိခဲ့တာပါ။ အဲ့ဒီအချိန်က သူ ရထားတဲ့ရာထူးမှာပဲ ထူးချွန်အောင်လုပ်ဖို့ အာရုံစိုက်ထားခဲ့တာပါ။ မိုက်ခရိုဆော့ဖ်မှာ သူ ရှိနေခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သူ သင်ယူခဲ့ရတဲ့ အရေးကြီးဆုံးသင်ခန်းစာတွေထဲကတစ်ခုနဲ့ သူ့ရဲ့အကောင်းဆုံးအသက်မွေးဝမ်းကြောင်းဆိုင်ရာအကြံပြုချက်က ရိုးရှင်းပါတယ်။ “မင်းရဲ့အကောင်းဆုံးအလုပ်ကို လုပ်ဖို့ နောက်ထပ်အလုပ်ကို မစောင့်ပါနဲ့”တဲ့။

မိုက်ခရိုဆော့ဖ်မှာ လုပ်တဲ့ အနှစ် ၃၀ လုံးမှာ သူ လုပ်နေတဲ့အလုပ်က အခြားအလုပ်တစ်ခုရဖို့အတွက် လမ်းကြောင်းတစ်ခုအနေနဲ့ လုပ်နေတယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ အဲ့ဒီမှာ သူ လုပ်နေတဲ့အလုပ်က အရေးကြီးဆုံးအရာဖြစ်တယ်လို့ပဲ သူခံစားခဲ့တာ။

လက်ရှိအလုပ်က မင်းရဲ့အသက်မွေးဝမ်းကြောင်းရည်မှန်းချက်တွေ အောင်မြင်ဖို့ အတားအဆီးတစ်ခုအဖြစ် ရှုမြင်မယ့်အစား မင်းရဲ့ သင်ယူလိုစိတ်အပြင် မင်းရဲ့စိတ်အားထက်သန်မှုနဲ့ အလုပ်အပေါ် ကတိကဝတ်ပြုထားတာကိုလည်း ပြသဖို့ အခွင့်အလမ်းတစ်ခုအဖြစ် မြင်ဖို့ စတ်ရာက အကြံပြုထားပါတယ်။ မင်းလုပ်နေတဲ့အရာကြောင့် မင်း တိုးတတ်လာတယ်လို့ မထင်ရင် မင်း ကြီးပွားနိုင်မှာမဟုတ်ဘူးလို့လည်း သူက ဆိုထားပါတယ်။

မိုက်ခရိုဆော့ဖ်မှာ ရာထူးသက်တမ်းတစ်လျှောက်လုံး သူက သူနဲ့တွဲဖက်လုပ်ကိုင်တဲ့အဖွဲ့တွေနဲ့ သူ စီမံခန့်ခွဲရတဲ့အပိုင်းတွေအပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရတာပါ။ Bing နဲ့ Xbox Live အပါအဝင် မိုက်ခရိုဆော့ဖ်ရဲ့ရှုပ်ထွေးတဲ့ထုတ်ကုန်တချို့တိုးတတ်ရေးကို ဦးဆောင်ခဲ့တာပါ။

အလုပ်တစ်ခုတည်းမှာပဲ စွဲမြဲနေသလို ခံစားနေရတဲ့ သူတွေကိုလည်း စတ်ရာ အကြံပြုထားပါတယ်။ သူ့အသက် ၃၀ မှာ မြောက်ဒါကိုတာပြည်နယ်ရဲ့လက်ရှိအုပ်ချုပ်ရေးမှူး ဒို့ဂျ် ဘာဂမ်နဲ့ စကားပြောတဲ့အချိန်မှာ မိုက်ခရိုဆော့ဖ်မှာ သူလုပ်နေရတဲ့ ရည်ရွယ်ချက်ကို တွေးတောမိစေခဲ့တာပါ။ “ငါ…ဘာလို့ မိုက်ခရိုဆော့ဖ်မှာ ရှိနေတာလဲ”၊ “တစ်နေ့ထက် တစ်နေ့ အဲ့ဒီက ပေးတဲ့ ကာယဉာဏစွမ်းအားက ဘာလဲ”လို့ စတ်ရာက ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖြစ်ခဲ့တယ်။ အဲဒါကြောင့် မင်းတို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး ဒီလိုမေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တာက မင်းရဲ့အလုပ်ဟာ မင်းရဲ့ဝါသနာ၊ မင်း လိုချင်တဲ့ ထိရောက်တဲ့အကျိုးသက်ရောက်မှုနဲ့ တစ်သားတည်းဖြစ်လားဆိုတာ အကဲဖြတ်ဖို့ ကူညီပေးနိုင်တယ်လို့ စတ်ရာက အကြံပြုထားပါတယ်။

Ref: ‘Don’t Wait For Your Next Job To Do Your Best Work’: Microsoft CEO Shares His Best Career Advice

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top