အခမဲ့နှင့် အလွယ်တကူ ဆက်သွယ်မှုများ ပြုလုပ်နိုင်သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Rakuten Viber သည် အသုံးပြုသူများ၏ လုံခြုံမှုနှင့်အတူ နည်းပညာအသစ်အဆန်းများကို အလေးထားသည့်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများအတွက် messaging ပလက်ဖောင်းပုံစံအသစ်တစ်မျိုးကို ယူဆောင်လာမည်ဟု ၄င်း၏ ဆယ်နှစ်ပြည့်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း Viber သည် အသုံးပြုသူများအနေဖြင့် မည်သူနှင့်ဖြစ်စေ၊ မည်သည့်နေရာမှဖြစ်စေ အခမဲ့ အပြန်အလှန်ဆက်သွယ်မှုများပြုလုပ်နိုင်သည့် လုံခြုံစိတ်ချရသော အက်ပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သည့် Viber သည် ရိုးရှင်းသော ရည်မှန်းချက်ဖြင့် မတူညီသည့် ပုံစံတစ်မျိုးဖြင့် ဆက်သွယ်မှုများ ပြုလုပ်နိုင်စေရန် ဝန်ဆောင်မှုပေးခဲ့ပြီး နိုင်ငံတကာရှိ မိုဘိုင်းဖုန်း အသုံးပြုသူများထံသို့ အခမဲ့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ကတိကဝတ်ပြုထားသည့်အတိုင်း အသုံးပြုသူများ၏ လုံခြုံစိတ်ချရမှုကို အစဥ်အမြဲအလေးထားခြင်းဖြင့် ပြောင်းလဲတိုးတက်လာမှုများ တဖြည်းဖြည်းပြုလုပ်ခဲ့ရာ ယခုအခါတွင် စာတိုပို့ဆောင်ခြင်း၊ အဖွဲ့လိုက် chat ခြင်း၊ အသံဖြင့် ဖုန်းခေါ်ဆိုခြင်း၊ ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း အပြင် community၊ chatbot အစရှိသည့် လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်နိုင်သော ပြီးပြည့်စုံသော ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။
Viber သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဦးဆောင် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဖြစ်သည့် Rakuten Inc. နှင့် ပူးပေါင်းမှု ပြုလုပ်ခဲ့သည်။ admin များမှ လူအရေအတွက် အကန့်အသတ်မရှိ ထည့်သွင်းနိုင်သော supergroup chat များ ဖန်တီးရန် အားပေးသည့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် “Communities” ကို စတင်မိတ်ဆက်ခဲ့ပြီး ၄င်းသည် ကုမ္ပဏီအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ နောင်တစ်နှစ်တွင် အဖွဲ့လိုက် အသံဖြင့် ဖုန်းခေါ်ဆိုခြင်း (group voice call) လုပ်ဆောင်ချက်ကို ထည့်သွင်းမိတ်ဆက်ခဲ့သည်။ အသုံးပြုသူများ၏ လုံခြုံစိတ်ချရမှုကို အလေးပေးလုပ်ဆောင်သွားမည်ဟူသည့် ကတိကဝတ်အား အနည်းငယ်မျှလျော့ပါးဖောက်ဖျက်ခြင်းမရှိဘဲ ဝန်ဆောင်မှုလုပ်ငန်းများ (utilities) နှင့် ဘဏ္ဍာရေးနည်းပညာနယ်ပယ် (fintech) သို့ တိုးချဲ့ဝင်ရောက်လျက်ရှိပြီး ယနေ့တွင်မူ Viber သည် လုပ်ဆောင်ချက်အားလုံးကို တစ်နေရာတည်း ဆောင်ရွက်နိုင်သော ပြီးပြည့်စုံသော ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
Viber သည် အသံဖြင့် ဖုန်းခေါ်ဆိုခြင်း (group audio call) နှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း (group video call) များကို လူဦးရေ အယောက် ၂၀ အထိ တစ်ပြိုင်တည်း ဆက်သွယ်ပြောဆိုနိုင်စေရန် ဝင်ရောက်နိုင်သူဦးရေကို နှစ်ဆတိုးမြှင့်ပေးခဲ့ခြင်းကဲ့သို့သော ၂၀၂၀ ခုနှစ် ကပ်ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်း ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ဆောင်ချက်အချို့ကို မိတ်ဆက်ခဲ့သည်။ နိုဝင်ဘာလတွင် နောက်ဆုံးပေါ် chatbot ၌ ငွေပေးချေခြင်း လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်ပေးကာ ဘဏ္ဍာရေးနည်းပညာနယ်ပယ် (fintech) သို့ အနာဂတ်တွင် ချဲ့ထွင်ဝင်ရောက်သွားမည့်အကြောင်းအားလည်း ကုမ္ပဏီမှ ကြေငြာခဲ့သည်။
တာဝန်သိတတ်မှုရှိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် အားလျော်စွာ ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှုကို လျှော့ချထိန်းသိမ်းရန် မှန်ကန်စိတ်ချရသော အတည်ပြုသတင်းများ ဖော်ပြပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့နှင့် ပူးပေါင်းပြီး Covid 19 community ကို တည်ထောင်ခဲ့ပါသည်။ ယခုအခါ Viber သည် စာတိုပို့ဆောင်ရေး ပလက်ဖောင်းတစ်ခုအနေနှင့်သာမက ပြည်သူများ အချင်းချင်း ပိုမိုဆက်သွယ်ပြီး နေ့စဥ်ဘဝများ ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ချက်များ ပါဝင်သည့် အက်ပလီကေးရှင်းတစ်ခုအဖြစ်သို့ ကူးပြောင်းလာပြီဖြစ်သည်။
Viber ၏ ဆယ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်သော အနေဖြင့် Wheel of Fortune chatbot တွင် သန်းပေါင်းများစွာသော လက်ဆောင်များ ထည့်သွင်းပေးထားပါသည်။ မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအတွက် KFC, YKKO တို့မှ မှာယူစားသောက်ခွင့် ဘောက်ချာများ၊ Grab Food delivery မှ အထူးအခွင့်အရေးများ၊ Grab မှ တက်စီ အခမဲ့ စီးနင်းခွင့်များ အစရှိသဖြင့် စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲများ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Rakuten Viber ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကို ပါဝင်ဆင်နွှဲဖို့ အောက်ပါ link မှာ ဝင်ရောက်ပြီး ကံစမ်းနိုင်ပါတယ်။
Team ( ရိုးရာလေး )