ချစ်သူကောင်လေးနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ အာရီယာနာ ဂရန်ဒီ

21-12-2020-yyl04.jpg

ပေါ့ပ်အဆိုတော် အာရီယာနာ ဂရန်ဒီ (Ariana Grande) ဟာ သူ့ရဲ့ချစ်သူကောင်လေး ဒယ်လ်တန် ဂိုမက်ဇ် (Dalton Gomez) နဲ့ စေ့စပ်လိုက်ပြီဖြစ်တယ်ဆိုတာကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မနေ့က ကြေညာခဲ့ပါတယ်။ အသက် (၂၇) နှစ်အရွယ် အာရီယာနာက သူ့ရဲ့လက်သကြွယ်မှာ ဝတ်ထားတဲ့လက်စွပ်ပုံအပါအဝင် သူ့ကောင်လေးနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့တာဖြစ်ပါတယ်။

အခြားအနုပညာရှင်တွေကလည်း အာရီယာနာတို့စုံတွဲအတွက် ဂုဏ်ပြုစကားတွေ မျှဝေခဲ့ကြပါတယ်။ အာရီယာနာရဲ့ပို့စ်မှာ ကင်မ် ကာဒါရှန် (Kim Kardashian) က “မင်းတို့အတွက် အရမ်းပျော်တယ်။ ချစ်တယ်” ဆိုပြီး ကွန်မန့်ပေးထားပါတယ်။ ဟေလီ ဘီဘာ (Hailey Bieber) ကလည်း “ရေး…..မင်းတို့အတွက် အရမ်းပျော်တယ်” လို့ ရေးသားထားပါတယ်။ အာရီယာနာနဲ့အလုပ်တွဲလုပ်တဲ့ ဂီတအလုပ်အမှုဆောင် စကူဒါ ဘရာအန် (Scooter Braun) ကလည်း “ဒီနှစ်ယောက်အတွက် ဂုဏ်ယူပါတယ် အာရီ ငါတို့ မင်းကို ချစ်တယ်နော်။ မင်းအတွက် မပျော်ဘဲ မနေနိုင်ဘူး။ ဒယ်လ်တန်… မင်းက ကံကောင်းတဲ့ကောင်လေးပဲ” လို့ ဂုဏ်ပြုစကားဆိုထားပါတယ်။ အာရီယာရဲ့မိခင်က ဒယ်လ်တန်ကို သူတို့မိသားစုထဲ ကြိုဆိုလက်ခံရမှာ စိတ်လှုပ်ရှားနေတယ်လို့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

သူတို့စုံတွဲရဲ့စေ့စပ်တဲ့သတင်းက ချစ်သူသက်တမ်း (၁) နှစ်နီးပါးအကြာမှာ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတာကိုလည်း ဇွန်လကမှ ဓာတ်ပုံတစ်ပုံနဲ့အတူ အင်စတာဂရမ်မှာ ထုတ်ပြခဲ့တာဖြစ်ပါတယ်။ အာရီယာနာနဲ့ ဒယ်လ်တန်တို့က ဂျက်စတင်ဘီဘာနဲ့အတူ သီဆိုထားတဲ့ “Stuck With U” သီချင်းမှာ အတူတူပါဝင်ခဲ့ပါသေးတယ်။ ဒယ်လ်တန်က Aaron Kirman Group ကုမ္ပဏီရဲ့ဇိမ်ခံအိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်ပြီး လုပ်သက် (၅) နှစ်ရှိပြီလို့သိရပါတယ်။

အာရီယာနာက Saturday Night Live အစီအစဉ်ရဲ့စတားတစ်ယောက်ဖြစ်တဲ့ ပိဒ်ဒေးဗစ်ဆမ် (Pete Davidson) နဲ့ ၂၀၁၈ခုနှစ်မှာ စေ့စပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စေ့စပ်ပြီး (၅) လအကြာ ၂၀၁၈ခုနှစ် အောက်တိုဘာလမှာ ဖျက်သိမ်းခဲ့ပါတယ်။

Ref: CBSNews “Ariana Grande is engaged to boyfriend Dalton Gomez”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top