၂၀၂၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ကျင်းပနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲရဲ့ သက်ဆိုင်ရာအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေထဲမှာ တော်ဝင်အမျိုးအနွယ်တွေလည်း ပါဝင်လို့နေပါတယ်။ အဲ့ဒီတော်ဝင်အမျိုးအနွယ်တွေက ဘယ်သူတွေလည်းဆိုရင် –

ထိုင်းဘုရင်မ ဆုထိဒါ (ရွက်လှေ)
လက်ရှိထိုင်းဘုရင်မင်းမြတ်ရဲ့ ၄ ယောက်မြောက်ကြင်ဖော် မိဖုရားကြီး ဆုထိဒါကလည်း ၂၀၂၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တော်ဝင်အမျိုးအနွယ်တွေထဲက တစ်ယောက်ပါပဲ။ အသက် ၄၇ နှစ်အရွယ် ဘုရင်မကြီး ဆုထိဒါက ဆီးဂိမ်းရဲ့ ဒီဇင်ဘာ ၁၅-၁၈ ရက်တွေအထိပြုလုပ်မယ့် Keelboat SSL47 မှာ ရွက်လှေကစားနည်းနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဘုရင်မကြီးဆုထိဒါကို အားကစားမျိုးစုံမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူအဖြစ် လူသိများပါတယ်။

ဘရူနိုင်းမင်းသား အဒူမာတင် (ပိုလို)
ပြီးခဲ့တဲ့ နှစ်ကမှ တော်ဝင်မင်္ဂလာပွဲကျင်းပထားတဲ့ အသက် ၃၄ နှစ်အရွယ် ဘရူနိုင်းမင်းသား အဒူမာတင်ဟာဆိုရင် ပိုလိုကစားနည်းမှာ အထူးကျွမ်းကျင်သူတစ်ယောက်ပါ။ သူဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွေမှာ အမျိုးသားအသင်းနဲ့ ကြေးတံဆိပ်ဆုတွေကို ဆွတ်ခူးခဲ့တာပါ။ အခုနှစ် ဆီးဂိမ်းမှာလည်း ပိုလိုကစားနည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မင်းသားအဒူမာတင်က သူ့ရဲ့ကိုယ်ပိုင်ပရောဖက်ရှင်နယ်အသင်း MB Polo ကိုလည်းတည်ထောင်ထားပြီး စပိန်နိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပါတယ်။

ဘရူနိုင်းမင်းသမီး အဇီမာ (ပိုလို)
ဘရူနိုင်းမင်းသားအဒူမာတင်ရဲ့အစ်မဖြစ်သူ မင်းသမီးအဇီမာကလည်း အခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ပိုလိုကစားနည်းနဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ် မင်းသမီးအဇီမာက ၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုရရှိခဲ့တဲ့ ဘရူးနိုင်းရဲ့ပထမဆုံးအမျိုးသမီးပြိုင်ပွဲဝင်ဖြစ်ပြီး ပိုလိုအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ထားပါတယ်။ မင်းသမီးအဇီမာဟာ အသက် ၄ နှစ်ကတည်းက မြင်းစီးခဲ့ပြီး အသက် ၂၀ မှာ ပိုလိုကစားခဲ့တာပါ။
Ref: Royals Competing At SEA Games 2025: Who You Should Look Out For
WL (ရိုးရာလေး)

