နာဇီတွေလက်ကနေ ကယ်တင်ပေးခဲ့တဲ့ အသက်သခင်ရဲ့မြေးတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဘယ်လ်ဂျီယံအမျိုးသား

20.2.2023-image-20.jpg

L-R back: Bernard Moens, Anne Moens, Pascale Moens. L-R front: Christine Moens, David Rossler, Xavier Dedoncker. See SWNS story SWMRholocaust. A man has returned to the home he and his mother hid from the Nazis in nearly 80 years ago - while his uncle and grandad died in Auschwitz. David Rossler, 85, was just five years old when he and his mother, Haja Sura Zoltak, were hidden by the Bourlet family at their home in Brussels, Belgium. David's son, Lionel Rossler, 55, tried for years to find the family that h

ဘယ်လ်ဂျီယံ အမျိုးသားတစ်ဦးဟာ သူတို့သားအမိကို နာဇီတွေလက်ကနေ လွတ်မြောက်အောင် ပုန်းခိုခွင့်ပေးခဲ့တဲ့ အိမ်နီးချင်းကို ဆယ်စုနှစ်များစွာ လိုက်လံရှာဖွေခဲ့ပြီး အခုအခါမှာတော့ အိမ်နီးချင်းရဲ့မြေးကို ဆုံတွေ့ခွင့် ရခဲ့ပါပြီ။ ၁၉၄၄ ခုနှစ်က ဘယ်လ်ဂျီယံမှာ နေထိုင်တဲ့ ရို့စ်လာရဲ့ ဦးလေးနဲ့ အဘိုးဟာ နာဇီတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး အော့ရှ်ဝစ်အကျဉ်းစခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက ၅ နှစ်သားအရွယ်ပဲ ရှိသေးတဲ့ ရို့စ်လာနဲ့ သူ့အမေကို အိမ်နီးချင်းဖြစ်သူ ဂျော့ဘာလတ်က သူတို့အိမ်မှာ ပုန်းခိုခွင့်ပေးခဲ့တာပါ။ ရို့စ်လာက ဂျော့ဘာလတ်ကို ကျေးဇူးပြန်ဆပ်ဖို့ ဆယ်စုနှစ်များစွာ ရှာဖွေခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ရို့စ်လာရဲ့ သားဖြစ်သူ လီယွန်နယ်ကလည်း သူ့အဖေနဲ့ သူ့အဘွားအသက်ကို ကယ်တင်ပေးခဲ့သူ ဂျော့ဘာလတ်ကို လိုက်လံရှာဖွေခဲ့ပါတယ်။

လီယွန်နယ်ဟာ လူမှုကွန်ရက်နဲ့ မျိုးရိုးစစ်တမ်း ကျွမ်းကျင်သူ မာရီကက်ပတ်ရဲ့ အကူအညီကြောင့် ဂျော့ဘာလတ်ရဲ့ မြေးဖြစ်သူ ဇာဗီယာကို ရှာဖွေနိုင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ရို့စ်လာက ဇာဗီယာထံ သွားရောက်တွေ့ဆုံခဲ့ပြီး ဂျော့ဘာလတ်က သူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Ref: Man Finally Meets Family That Hid Him During Nazi Holocaust 80 Years Ago–And Visits the House

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top