ရွှေနဲ့ ပြုလုပ်ထားတဲ့ ကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိ အအေးသောက်ပိုက်ပျောက်သွားလို ရဲတွေကို ကူရှာခိုင်းခဲ့သူ

golden1.jpg

နို့လက်ဖက်ရည်သောက်ရတာ နှစ်သက်တဲ့ တရုတ်လူမျိုးအမျိုးသားတစ်ဦးဟာ လျှပ်စစ်စက်ဘီးစီးရင်း သူ့ရဲ့ရွှေနဲ့ပြုလုပ်ထားတဲ့ ကန်ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိ အအေးသောက်ပိုက် ပျောက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်က ရှို့လို့ အမည်ရတဲ့ အဲ့ဒီအမျိုးသားဟာ ပျောက်သွားတဲ့ ရွှေရောင်အအေးသောက်ပိုက်ကို ရှာဖွေဖို့ ရဲကို အကူအညီတောင်းခဲ့တာကြောင့် လူမှုကွန်ယက်ပေါ်မှာ လူပြောများသွားခဲ့တာပါ။

ရှို့က သူ့ရဲ့ဘောင်းဘီအိတ်ထဲ အအေးသောက်ပိုက်ကို ထည့်ပြီး လျှပ်စစ်စက်ဘီးစီးကာ ညဘက် အိမ်ပြန်လာတဲ့အချိန် လူဆင်းပေါက် (လမ်းအောက်ရှိ ရေဆိုးပြွန်ကို ဆင်းသက်စစ်ဆေးနိုင်ဖို့ ဖောက်ထားတဲ့ အဖုံးပါလူဆင်းပေါက်) ပေါ် ဖြတ်စီးစဉ် မတော်တဆပြုတ်ကျသွားခဲ့တာပါ။ ၁ နာရီလောက်ကြာအောင် ရှာဖွေခဲ့ပေမဲ့ မတွေ့တာကြောင့် ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။

ရှို့ဆီ ရဲ (၂) ယောက်ရောက်လာခဲ့ပြီး သူတို့ကို အလေးချိန် ၁၀၀ ဂရမ် ရှိတဲ့ ရွှေရောင်ပိုက်ကို ရှာစေချင်ခဲ့တယ်ဆိုတာ သိပြီး တအံ့တဩဖြစ်ခဲ့ရပါတယ်။ ရဲတွေလည်း ကူရှာပေးခဲ့ပြီး နာရီဝက်အကြာမှာ လူဆင်းပေါက်ကနေ မီတာ ၁၀၀ လောက်မှာရှိတဲ့ လူသွားလမ်းဘေးမှာ တွေ့ရှိခဲ့ပါတယ်။

ရှို့က သူ နှစ်သက်တဲ့ နို့လက်ဖက်ရည်သောက်ရင် ရွှေရောင်ပိုက်ကို အသုံးပြုပါတယ်။ သူ့မှာ ငွေရောင်ပိုက်လည်း ရှိပါသေးတယ်။ ပျောက်တဲ့အချိန်မှာ ရွှေရောင်ပိုက်က ပျက်စီးသွားခဲ့တဲ့အတွက် ဒီပိုက်ကို အရည်ကျိုပြီး နောက်နွေရာသီကျ နောက်တစ်ခုထပ်လုပ်မယ်။ နောက်ကျ အိတ်ကပ်ထဲ ထည့်ယူမသွားတော့ဘူးလို့ ရှို့က ပြောပါတယ်။

ရှို့က ရွှေရောင်ပိုက်ကို ပြုလုပ်ဖို့အတွက် ယွမ် ၉၀၀၀၀ ပေးခဲ့ရတယ်လို့ ပိုက်ပြုလုပ်သူရဲ့ပြောစကားအရသိရပါတယ်။ ရွှေဈေးတက်နေတာကြောင့် အခုဆို အဲ့ဒီပိုက်က ယွမ် ၁ သိန်းဖြစ်နေပါပြီ။

Ref: SCMP “China milk tea lover creates US$14,000 gold straw for favourite drink but drops it while biking”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top