မီးလောင်နေတဲ့အိမ်ထဲမှ စုံတွဲနဲ့ ခွေးတစ်ကောင်ကို အမှိုက်သိမ်းသမားက ကယ်တင်ပေးခဲ့

1.3.24-yyl-21.jpg

ဆုံးဖြတ်ချက် မြန်ဆန်ပြီး သတ္တိကောင်းတဲ့ အမှိုက်သိမ်းသမားတစ်ဦးက မီးလောင်နေတဲ့ အိမ်ထဲမှ စုံတွဲနဲ့ ခွေးတစ်ကောင်ကို အသက်ကယ်တင်ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈ နာရီဝန်းကျင်က ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့ရဲ့ နေအိမ်တစ်လုံး မီးလောင်ခဲ့တာပါ။ အိမ်အောက်ထပ် လှေကားရင်းမှာ အားသွင်းထားတဲ့ လျှပ်စစ်စက်ဘီးရဲ့ ဘက်ထရီမီးလောင်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပြေးပေါက်ပိတ်မိနေခဲ့တာပါ။

စတိဗ်နဲ့ ကီဗင်တို့ဟာ အမှိုက်သိမ်းဖို့ ရောက်လာရင်း အမျိုးသမီးတစ်ယောက် အော်ဟစ်အကူအညီတောင်းနေတာ ကြားလိုက်ရလို့ ကြည့်လိုက်ချိန်မှာ နေအိမ်မီးလောင်နေတာ တွေ့ခဲ့တာပါ။ စတိဗ်က အိမ်အပေါ်ထပ် လသာဆောင်ပေါ် ခိုတက်သွားပြီး အမျိုးသမီးကို အရင်ဆုံး ကယ်တင်ခဲ့ပါတယ်။

” မီးခိုးတွေ အရမ်းထွက်နေတာ။ ကျွန်တော်လည်း ခွေးလေးကို စောင်နဲ့ထုပ်ပြီး အောက်ကို ပြန်ခုန်ဆင်းလာတယ်။ သူ့သခင်က ခွေးလေးကို ပစ်ချပေးတာ ကျွန်တော် လှမ်းဖမ်းလိုက်တယ်။ ပြီးတော့ အဲဒီအမျိုးသားကို ကူညီပေးဖို့ ကျွန်တော် အပေါ်ထပ်ကို ပြန်ခိုတက်သွားခဲ့တာပါ” လို့ စတိဗ်က ပြောပါတယ်။

အဲဒီနောက်မှာတော့ စတိဗ်က အိမ်နီးနားချင်းတွေကို မီးလောင်နေကြောင်း သတိလိုက်ပေးခဲ့ပြီး ကီဗင်က ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ပါတယ်။ မီးလောင်နေရာကို မီးသတ်ကားတွေ ရောက်လာချိန်မှာတော့ စတိဗ်တို့က အိမ်ထဲမှာ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ခဲ့ပြီးပါပြီ။ စတိဗ်ရဲ့ ရဲစွမ်းသတ္တိကို မီးသတ်တပ်ဖွဲ့မှူးက ချီးကျူးခဲ့ပြီး တရားဝင်ဂုဏ်ပြုပေးမယ်လို့ ဆိုပါတယ်။

Ref:Garbage Collector Rescues Occupants From Burning Home

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top