လွန်ခဲ့တဲ့ ၂၆ နှစ်က ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးရိုက်ကူးခဲ့တဲ့ ဟောင်ကောင်နာမည်ကြီးသရုပ်ဆောင် ၃ ဦး

24.9.2024-yyl-2.jpg

ဟောင်ကောင်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဒန်နီရယ်ဝူ၊ စတီဖန်ဖုန်း၊ ရှုချီတို့ဟာ ပရိသတ်တွေကို လွန်ခဲ့တဲ့ ၂၆ နှစ်ကအမှတ်တရတွေကို ပြန်အမှတ်ရစေဖို့ ဖန်တီးပေးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၆ နှစ်က ၃ ယောက်အတူတူရိုက်ခဲ့တဲ့ပုံစံအတိုင်း လက်ရှိမှာ ပြန်ရိုက်ကူးကာ ဒန်နီရယ်ဝူက အင်စတာဂရမ်မှာ တင်ခဲ့တာပါ။

အလယ်မှာ ရှုချီက ထိုင်ခုံပေါ်ထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်မှာ ဒန်နီရယ်ဝူနဲ့ စတီဖန်ဖုန်းတို့ရှိနေတဲ့ပုံလေးဖြစ်ပါတယ်။ အဲ့ဒီပုံကို လွန်ခဲ့တဲ့ ၂၆ နှစ်က သူတို့ ၃ ဦးပါဝင်ခဲ့တဲ့ Bishonen ဇာတ်ကားပရိုမိုးရှင်းဆင်းတဲ့အချိန် ရိုက်ကူးခဲ့တာပါ။ ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ လက်ရှိဓာတ်ပုံကတော့ အခုနှစ်နွေရာသီမှာ ရိုက်ခဲ့တာပါ။

သူတို့ ၃ ယောက်စလုံးက အသက် ၅၀ အရွယ်ရှိနေပါပြီ။ စတီဖန်ဖုန်းနဲ့ ရှုချီတို့ကတော့ လက်ထပ်ထားကြတာပါ။ ပြီးခဲ့တဲ့အပတ်ကလည်း ဒန်နီရယ်ဝူနဲ့ စတီဖန်ဖုန်းတို့ဟာ New York Fashion Week ကို တက်ရင်း ဓာတ်ပုံအတူတူရိုက်ခဲ့ကြပါသေးတယ်။

Ref: Shu iQ, Stephen Fung, Daniel Wu Recreate Throwback Photo, Stephen Tells Daniel To Crop Himself Out

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top