ဂျိုးဘိုင်ဒင်အတွက် စာတစ်စောင်ချန်ပြီး အိမ်ဖြူတော်ကနေ ထွက်ခွာသွားခဲ့တဲ့ ဒေါ်နယ်ထရမ့်

21-1-2021-yyl-05.jpg

ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကနေ ထွက်ခွာမသွားခင် သမ္မတသစ် ဂျိုးဘိုင်ဒင်အတွက် စာတစ်စောင် ချန်ထားပေးခဲ့တယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။
သမ္မတသက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ကနေ Marine One ရဟတ်ယာဉ်နဲ့အတူ Joint Base Andrews လေတပ်စခန်းကို ထွက်ခွာလာခဲ့ပြီး နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

နှုတ်ဆက်စကားပြောရာမှာ ဒေါ်နယ်ထရမ့်က ” ကျွန်တော်တို့ တစ်နည်းနည်းနဲ့ ပြန်လာခဲ့ပါ့မယ်”လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထရမ့်ဇနီးမောင်နှံဟာ သူတို့စံအိမ်ရှိရာ ဖလော်ရီဒါကို သွားဖို့ Air Force One လေယာဉ်ပေါ် တက်ခဲ့ကြပါတယ်။

နိုဝင်ဘာလ ၃ ရက် သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ နှုတ်ဆက်စကားဆိုခဲ့တုန်းကလည်း ဂျိုးဘိုင်ဒင်ရဲ့အမည်ကိုတောင် ထည့်ပြောခဲ့ခြင်းမရှိပါဘူး။ ပုံမှန်အားဖြင့် တာဝန်သက်တမ်း ကုန်ဆုံးတဲ့ သမ္မတက သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လေ့ရှိပေမဲ့ ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ငြင်းဆန်တဲ့ စတုတ္ထမြောက် အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။

Ref: BBC Live Reporting

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top