နှလုံးရောဂါ ရှိ၊ မရှိ ၇ စက္ကန့်အတွင်း ရှာဖွေဖော်ထုတ်နိုင်မယ့် app ကို အိန္ဒိယဆယ်ကျော်သက် ဖန်တီး

7-ses.jpg

အိန္ဒိယနိုင်ငံမှ အသက် ၁၄ နှစ်အရွယ် ကလေးငယ် နန်ဒြာလာဟာ နှလုံးရောဂါ ရှိ၊ မရှိ ၇ စက္ကန့်အတွင်း ရှာဖွေဖော်ထုတ်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာသုံး CircadiaV app ကို ဖန်တီးနိုင်ခဲ့ပါတယ်။ တိုတောင်းလွန်းတဲ့ အချိန်အတွင်း နှလုံးရောဂါ ရှိ၊ မရှိ စစ်ဆေးဖော်ထုတ်နိုင်တဲ့ CircadiaV app ရဲ့ စွမ်းဆောင်ရည်အရ ဉာဏ်ရည်တုနည်းပညာနဲ့ ကျန်းမာရေးစနစ်အပေါ် နန်ဒြာလာ နှံ့နှံ့စပ်စပ် သိရှိမှုကို ဖော်ပြရာ ရောက်ပါတယ်။

နန်ဒြာလာရဲ့ ဖန်တီးမှုဟာ ဆရာဝန်တွေအတွက် အတားအဆီးဖြစ်နေတဲ့ နေရာတွေမှာ နှလုံးကျန်းမာရေးအခြေအနေကို စစ်ဆေးနိုင်မယ့် အပြောင်းအလဲတစ်ရပ် ဖြစ်လာနိင်ဖွယ် ရှိနေပါတယ်။ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ နည်းပညာရဲ့စွမ်းအားကို မီးမောင်းထိုးပြရာရောက်တဲ့ CircadiaV app ဟာ အန်ဒရာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ထိပ်တန်းအရာရှိတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါတယ်။

နန်ဒြာလာဟာ လူငယ်တွေကို ကုဒ်ရေးသားမှု၊ စက်ရုပ်တည်ဆောက်မှု၊ ဉာဏ်ရည်တုနည်းပညာ သင်ကြားပေးတဲ့ STEM IT ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပါဝင်ပံ့ပိုးပေးနေသူ ဖြစ်ပါတယ်။

Ref: Siddharth Nandyala

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top