မှတ်ဉာဏ်စွမ်းမြင့်လာဖို့က အင်မတန်လွယ်ပါတယ်

memory-athletes-yanjaa-wintersoul-1a.jpg

သင်ဟာ နာမည်တွေ၊ မျက်နှာတွေ ၊ ဖုန်းနံပတ်တွေကို လွယ်လွယ်ကူကူ မေ့လျော့တတ်သူ ဖြစ်ပါသလား။ သော့တွေကျန်နေခဲ့တာမျိုး၊ ချိန်းထားပြီး မေ့လျော့နေတာမျိုးတွေဟာ ရေရှည်မှာ လူမှုရေးအရ ထိခိုက်တာမျိုးတွေသာမက မိမိရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရည်တွေကိုပါလျေ့ာကျစေပါတယ်။ ကမ္ဘာ့မှတ်ဉာဏ်မြင့် စံချိန်တင်ထားတဲ့ လူထူးဆန်းတွေရဲ့ နည်းလမ်းတွေနဲ့ ကြိုးစားကြည့်လိုက်ပါ။ မကြာခင်မှာပဲ သိသာတဲ့ ရလဒ်တွေကို ခံစားရမှာဖြစ်ပါတယ်။ အနည်းငယ်
ထူးဆန်းတဲ့နည်းလမ်းတွေလည်းပါဝင်နေတာကြောင့် လေ့လာကြည့်လိုက်ရအောင်။

နာမည်တွေကို မှတ်မိဖို့
နာမည်တွေကို မှတ်မိဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သူတို့ရဲ့ ထူးခြားတဲ့ အမှတ်အသားတွေကို တစ်စုံတစ်ခုနဲ့ တွဲပီး မှတ်သားဖို့ပါပဲတဲ့။ ဥပမာ ဆံပင် လိမ္မော်ရောင်ရှိတဲ့ ”Karen”ဆိုတဲ့ မိန်းကလေးကို မှတ်မိဖို့ဆိုရင် သူရဲ့ ဆံပင်အရောင်နဲ့ ကြက်တူရွေးတစ်ကောင်မှာ ရှိနေတဲ့ အရောင်ဟာတူတယ်လို့ တွဲပြီးမှတ်ရပါမယ်။ ဒီအခါမှာ သင်ဟာ ကြက်တူရွေး၊ဆံပင်၊လိမ္မော်ရောင်၊ ဆံပင် လိမ္မော်ရောင်ရှိသော မိန်းကလေး၊”Karen” စသဖြင့် အတွဲလိုက် မှတ်မိနေမှာဖြစ်ပါတယ်။ နာမည်တစ်မျိုးတည်း မှတ်ရတာတောင် မမှတ်မိနိုင်တာကို အများကြီး တွဲမှတ်ရင် ဘယ်လိုမှတ်မိနိုင်မလဲလို့ မေးစရာရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ လူသား ဦးနှောက်တွေရဲ့ ထူးဆန်းတဲ့ အလုပ်လုပ်ပုံပါပဲ။

တစ်မျိုးတည်းကို မှတ်မိဖို့် ခက်ပေမယ့် အခုလို အများကြီးတွဲပီး မှတ်သားလိုက်ရင် တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး မှတ်မိနေပါသတဲ့။ ကျွန်တော်တို့ကြုံဖူးကြမှာပါ။ သီချင်းတစ်ပုဒ်ကို ကြားလိုက်တာနဲ့ နေရာတစ်ခုကို မှတ်မိနေတတ်တာမျိုး၊ မြင်ကွင်းတစ်ခုကို မြင်ရတာနဲ့ တစ်ခုခုကို ပြေးမြင်တတ်တာမျိုး၊ နောက်ဆုံး စားစရာတစ်ခုကိုမြင်လိုက်တာနဲ့ တစ်စုံတစ်ယောက်ကို မြင်မိတာမျိုး စသဖြင့်ပေါ့။ အတွဲလိုက်ဖြစ်နေတဲ့အရာတွေအနေနဲ့ မှတ်မိဖို့ပိုမိုလွယ်ကူကြောင်း သာဓကတွေပါပဲ။
(ဆရာကြီး မင်းသိင်္ခ စာအုပ်တွေထဲက ”ဆားပုလင်းနှင်းမောင်ဟာ ဒီနည်းလမ်းကို အသုံးပြုပြီး မှတ်သားလေ့ရှိတယ်လို့ ဖတ်ဖူးပါတယ်။ ဥပမာ ရာဇဝင်လူဆိုး ”ကျွဲကြီး” ကို မတ်လမှာ ဖမ်းမိတဲ့ အကြောင်းကို နေပူကြီးထဲမှာ ကျွဲစီးနေ
တဲ့ ပုံနဲ့ တွဲပီး မှတ်သားတယ်လို့ ပြောပါတယ်။ (အချက်အလက် လွဲနိုင်) နေပူကြဲကဲက မတ်လ၊ ကျွဲကိုစီးထားတယ်ဆိုတာ ”ကျွဲကြီး” ကို ဖမ်းဆီးနှိမ်နင်းတယ်ဆိုတဲ့ သဘောပါ။ ဒါကို ဆားပုလင်းနှင်းမောင်က Photographic Memory (ဓာတ်ပုံကဲ့သို့ စွဲမြဲနေသော မှတ်ညဏ်) လို့တောင် ပြောဆိုခဲ့ပါသေးတယ်)

တစ်မျိုးတည်းကို မှတ်မိဖို့် ခက်ပေမဲ့ အများကြီးတွဲပီး မှတ်သားလိုက်ရင် တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး မှတ်မိနေပါသတဲ့

ကိန်းဂဏန်းတွေကို မှတ်မိဖို့
ကိန်းဂဏန်းတွေကို မှတ်မိဖို့ကတော့ နည်းနည်းထူးဆန်းပါတယ်။ ကိန်းဂဏန်း တွေကို သူတို့်နဲ့ အနည်းငယ်ဆင်တူတဲ့ အက္ခရာတွေအဖြစ်ပြောင်းလဲပြီး မှတ်သားရမယ်လို့ ဆိုပါတယ်။ ဥပမာ 3419108550 ဆိုတဲ့ နံပါတ်ကို မှတ်သားဖို့ဆိုရင်
အောက်ပါပုံမှာ ပြထားတဲ့အတိုင်း သုံးလုံးတွဲစီခွဲပြီး မှတ်သားလိုက်ပါ။ 341-910-8550 ဆိုပြီး ဖြစ်သွားပြီဆိုလျှင် သူတို့်ကို အက္ခရာ စာလုံးများအဖြစ် ပုံပါအတိုင်းပြောင်းလဲလိုက်ပါ။ဒါဆိုရင် ”MRT-PTS-FLLS” ဆိုပြီး ဖြစ်သွားမှာဖြစ်ပါတယ်။
အဲဒီ အက္ခရာ စကားစုကို အထက်ပါ ကိန်းဂဏန်း နဲ့တွဲပြီး မှတ်သားရမှာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ ပြောင်းလဲမှု ပုံစံတွေအရ ကိန်းဂဏန်းတွေကို သူတို့နဲ ခပ်ဆင်ဆင်တူနေတဲ့ အက္ခရာတွေနဲ့ အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာလည်း နာမည်တွေကို မှတ်သားသလိုမျိုး အခြားတစ်ခုကိုပါ ယှဉ်တွဲပီး မှတ်သားရတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

(အခုခေတ်မှာ အခုလိုမျိုးမှတ်သားဖို့ ကြိုးစားနေသူကို လူအများက လှောင်ရယ်ကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာမြင့်လာပြီ ဖြစ်တဲ့ခေါတ်မှာ ဘယ်သူကမှ ဖုန်းနံပါတ်တွေကို အလွတ်ရအောင် မှတ်သားနေတာမျိုးမရှိတော့ပါဘူး။ ဒါပေမယ့် ဒီကိစ္စဟာ ရေရှည်မှာ အတော်လေးပြသနာရှိတဲ့အရာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စက်ပစ္စည်းတွေ၊
လူ့ဦးနှောက်မဟုတ်တဲ့ မှတ်သားနိုင်စွမ်းရှိအရာတွေကို အလွန်အားကိုးလာကြပါပြီ။ နောက်ဆက်တွဲကတော့ လူသားစွမ်းရည်နိမ့်ပါးလာတာပါပဲ။ ဒီပစ္စည်းတွေဟာ လူသားက တီထွင်လိုက်တာဖြစ်လို့ လူသားက အဆင့်နှိမ့်မသွားပေမဲ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ကို ပြန်ပြီး ထိန်းချုပ်မောင်းနှင်လာနိုင်ပါတယ်။ AI (Artificial Intelligence) (လူလုပ် ဉာဏ်ပညာတု) ဟာ အနာဂတ်မှာ အကြီးအကျယ်ထွန်းကားလာဦးမှာပါ။ လူသားက ဖန်တီးလိုက်တဲ့အရာတွေက လူသားကို ပြန်လည်ပြီး ခိုင်းစေမောင်းနှင်တာမျိုးမဖြစ်ရလေအောင် လူသားသတိ၊ လူသားဖြစ်တည်မှု၊ လူ့စွမ်းရည်ကို ပြန်လည် မြှင့်တင်ဖို့ အကြံပြုသတိပေးလိုက်ပါတယ်)

Refrence: The New York Times ”Train Your Brain Like a Memory Champion”
Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top