မလေးရှားမှာ ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ကြေးအများဆုံး ဆောင်ရသူများမှာ စင်ကာပူနိုင်ငံသားများ ဖြစ်

14.8.2024-yyl-2.jpg

မလေးရှားနိုင်ငံမှာ ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ကြေးအများဆုံး (အမေရိကန်ဒေါ်လာ ၁ သန်းဝန်းကျင်) ပေးဆောင်ရသူတွေဟာ စင်ကာပူနိုင်ငံသားတွေ ဖြစ်နေကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ မှတ်တမ်းတွေအရ စင်ကာပူ၊ ဘရူနိုင်းနဲ့ ထိုင်းနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ ယာဉ်စည်းကမ်းချိုးဖောက်မှု ၅၁၁၂၈ မှု ကျူးလွန်ခဲ့တဲ့အနက် ၃၅၀၁၁ မှုကတော့ စင်ကာပူနိုင်ငံသားတွေ ကျူးလွန်ခဲ့တာဖြစ်ပြီး မလေးရှား ရန်းဂစ် ၃.၅ သန်း ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။

အဲဒီကာလအတွင်း ဘရူနိုင်းနဲ့ ထိုင်းနိုင်ငံသားတွေကတော့ ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် ရန်းဂစ် ၁.၆ သန်း ပေးဆောင်ခဲ့ရပါတယ်။ ၃၄ နှစ်တာကာလအတွင်း မလေးရှားနိုင်ငံသားတွေရဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှု ၄၁ သန်းအထိ ရှိခဲ့ပြီး ဒဏ်ကြေးအနေနဲ့ ရန်းဂစ် ၄ ဘီလျံအထိ ရမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Singaporeans owe $1m in Malaysian traffic fines, biggest foreign offender group
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top