တောင်ကိုရီးယားမင်းသားဆောင်ဂျွန်ကီနဲ့ ဇနီးဖြစ်သူ ကေတီ လူးဝစ် ဆောင်ဒါစ်တို့ဟာ သူတို့ရဲ့ဒုတိယမြောက်ကလေးလေးကို ပိုင်ဆိုင်လိုက်ရပါပြီ။ ဒုတိယမြောက်ကလေးလေးက သမီးမိန်းကလေးပါ။
ဒီအကြောင်းကို မင်းသားဆောင်ဂျွန်ကီက သူ့ရဲ့ Fan Cafe ကနေ နိုဝင်ဘာ ၂၀ ရက်နေ့က အသိပေးလာခဲ့တာပါ။ နောက်ထပ်လှပတဲ့ကလေးလေးရောက်ရှိလာတဲ့အတွက် အရမ်းကျေးဇူးတင်မိတယ်လို့ သူက ဆိုထားပါတယ်။
“ကျွန်တော်တို့ရဲ့ချစ်စဖွယ်မင်းသမီးလေးက ကျန်းမာစွာမွေးဖွားလာခဲ့ပြီး ကျွန်တော့်ဇနီးရော ကလေးလေးပါ ကျန်းမာကြပြီး အနားယူနေပါတယ်”လို့ ဆောင်ဂျွန်ကီက ရေးသားထားပါတယ်။
သူ့ရဲ့အနုပညာအလုပ်နဲ့ပတ်သက်ပြီးလည်း အခုလိုပြောသွားပါသေးတယ်။ “ကျွန်တော့်ရဲ့မိသားစုကို ကောင်းကောင်းဂရုစိုက်သွားမှာဖြစ်ပြီး မကြာခင် ရိုက်ကူးရေးပြန်လုပ်တော့မှာပါ။ ကောင်းမွန်နွေးထွေးတဲ့ နှစ်ကုန်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေကို အမြဲချစ်ပါတယ်”တဲ့။
ဆောင်ဂျွန်ကီနဲ့ ကေတီ လူးဝစ် ဆောင်ဒါစ်တို့က ကိုရီးယားဇာတ်လမ်းတွဲ Vincenzo ရိုက်ကူးတဲ့အချိန် ၂၀၂၁ ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာပါ။ ကေတီက အဲ့ဒီဇာတ်လမ်းတွဲအတွက် ဂျွန်ကီရဲ့ အီတလီဘာသာစကားသင်ပေးတဲ့ဆရာမဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့ကြပြီး သူတို့ရဲ့ပထမဆုံးကလေး သားလေးကို အဲ့ဒီနှစ် ဇွန်လမှာ ပိုင်ဆိုင်ခဲ့ရပါတယ်။
Ref: South Korean actor Song Joong Ki & wife welcome baby girl, their 2nd child
WL(ရိုးရာလေး)