ဗင်းနစ်မြို့အနီးမှာ ဘတ်စ်ကားတစ်စီး ခုံးကျော်တံတားပေါ်မှ ထိုးကျပြီး မီးလောင်လို့ အနည်းဆုံး လူ ၂၁ ယောက် သေဆုံး

4.10.23-yyl-11.jpg

အီတလီနိုင်ငံ ဗင်းနစ်မြို့အနီးမှာ ဘတ်စ်ကားတစ်စီး ခုံးကျော်တံတားပေါ်က ထိုးကျပြီး မီးလောင်ခဲ့လို့ ကလေးငယ် နှစ်ယောက်အပါအဝင် အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့ပါတယ်။ ခရီးသည်တွေ စခန်းချတဲ့ မာဂီရာခရိုင်ကနေ ဗင်းနစ်မြို့ကြား ပို့ဆောင်ပေးဖို့ ဒီဘတ်စ်ကားကို ငှားရမ်းခဲ့တာဖြစ်ပြီး အပြန်ခရီးမှာ အခုလို ဖြစ်ခဲ့တာပါ။

အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်မှာ ခုံးကျော်တံတားပေါ်ကနေ ဘတ်စ်ကား ထိုးကျခဲ့တာပါ။ မီသိန်းဓာတ်ငွေ့စွမ်းအင် အသုံးပြုတဲ့ အဲဒီဘတ်စ်ကားဟာ ဓာတ်ကြိုးပေါ် ပြုတ်ကျခဲ့လို့ မီးလောင်ခဲ့တာလို့ တချို့သတင်းတွေက ဖော်ပြပါတယ်။ ခုံးကျော်တံတားပေါ်ကနေ ဘတ်စ်ကားထိုးကျတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၁၈ ဦး ဒဏ်ရာရခဲ့ပြီး ၅ ဦးကတော့ ဒဏ်ရာ ပြင်းထန်ပါတယ်။

Ref: At least 21 dead as Venice bus plunges from bridge

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top