လက်တလောမှာတော့ တစ်ပတ်တာ လူကြိုက်အများဆုံးကိုရီးယားစီးရီးအဖြစ် “Squid Game Season 3” က ဆက်လက်ရပ်တည်နေပါတယ်။ ဒီလဒုတိယပတ်ရောက်တဲ့အချိန်မှာ “Squid Game Season 3” က နံပါတ် ၁ နေရာမှာ ရပ်တည်နေပြီး နံပါတ် ၂ နေရာမှာကတော့ ထုတ်လုပ်ပြသနေဆဲ Good Boy စီးရီးပါပဲ။ ဒီစာရင်းကို Good Data Corporationက ကောက်ယူခဲ့တာပါ။ လက်ရှိထုတ်လုပ်ပြသနေဆဲရော မကြာမင်ထုတ်လွှင်တော့မယ့် စီးရီးတွေအကြောင်း သတင်းဆောင်းပါးတွေ၊ Blog Post တွေ၊ ဗီဒီယိုတွေကနေ ဒေတာတွေ စုဆောင်းခဲ့တာဖြစ်ပါတယ်။
“Squid Game Season 3” က နံပါတ် ၁ နေရာမှာရပ်တည်နေသလိုပဲ အဲ့ဒီစီးရီးမှာ ပါဝင်ထားတဲ့ လီဂျွန်ဂျေးက လူကြိုက်အများဆုံးစီးရီးသရုပ်ဆောင်စာရင်းမှာ နံပါတ် ၂ နေရာ၊ မင်းသမီးဂျိုယူရီက နံပါတ် ၁၀ နေရာတွေမှာ ရှိနေပါတယ်။
နံပါတ် ၂ နေရာမှာ ရှိနေတဲ့ “Good Boy” စီးရီးမှာ ပါဝင်ထားတဲ့ ပတ်ဘိုဂမ်ကတော့ နံပါတ် ၁ နေရာ၊ မင်းသမီးကင်ဆိုဟွန်းက နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။ တစ်ပတ်တာလူကြိုက်အများဆုံးစီးရီး ၁၀ ခုနဲ့ လူကြိုက်အများဆုံးစီးရီးသရုပ်ဆောင် ၁၀ ဦးကို ဖော်ပြပေးလိုက်ရပါတယ်။
တစ်ပတ်တာလူကြိုက်အများဆုံးစီးရီး –
၁။ Netflix “Squid Game 3”
၂။ TBC “Good Boy”
၃။ TVN “Head Over Heels”
၄။ TVN “Law and The City”
၅။ SBS “Our Movie”
၆။ KBS2 “The First Night with the Duke”
၇။ KBS2 “For Eagle Brothers”
၈။ SBS “Spring of Youth”
၉။ KBS2 “Queen’s House”
၁၀။ ENA “Salon de Holmes”
တစ်ပတ်တာလူကြိုက်အများဆုံးစီးရီးသရုပ်ဆောင် –
၁။ Park Bo Gum (“Good Boy”)
၂။ Lee Jung Jae (“Squid Game 3”)
၃။ Cho Yi Hyun (“Head Over Heels”)
၄။ Lee Jong Suk (“Law and The City”)
၅။ Choo Young Woo (“Head Over Heels”)
၆။ Kim So Hyun (“Good Boy”)
၇။ Mun Ka Young (“Law and The City”)
၈။ Namkoong Min (“Our Movie”)
၉။ Jeon Yeo Been (“Our Movie”)
၁၀။ Jo Yuri (“Squid Game 3”)
Ref: “Squid Game 3” And Park Bo Gum Top Most Buzzworthy Drama And Actor Rankings For 2nd Week
WL (ရိုးရာလေး)

