လူတိုင်း ကြည့်ကို ကြည့်သင့်တဲ့ အိန္ဒိယ ဇာတ်ကားတစ်ကား

i0.jpg

Every Child is Special ဆိုတဲ့ ဇာတ်ကားလေးဟာ ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့သော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကြာပြီဖြစ်သော်လည်း တစ်ချို့ဆိုရင် တစ်ခေါက်မကတောင် ကြည့်ပြီးလောက်ပြီလို့ ထင်ပါတယ်။ အဓိကကတော့ ကလေးနဲ့ ပက်သက်တဲ့ အကြောင်းအရာကို အဓိကထားပြီး ရိုက်ကူးပုံဖော်ထားပေမယ့် လူတိုင်း လူတိုင်း ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကား တစ်မျိုးဖြစ်ပါတယ်။

ဒီဇာတ်ကားကိုကြည့်မယ်ဆိုရင် ရင်ထဲမှာ ဖြစ်ပေါ်လာနိုင်မယ့် ခံစားချက်များကတော့

၁) ပတ်ဝန်းကျင်က ကလေးငယ်တိုင်းဟာ အဖိုးတန်တွေပါ

ဇာတ်ကားကို သေချာကြည့်လိုက်မယ်ဆိုရင် ကလေးငယ်လေးတွေရဲ့ လောကကြီးအတွက် အဖိုးထိုက်တန်ပုံကို သေချာသဘောပေါက်လာနိုင်ပါတယ်။ ဒါ့အပြင် မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ကလေးငယ်များကိုလည်း မိမိတတ်နိုင်တဲ့ ဘက်ကနေ ပြုပြင်ပြီး တန်ဖိုးရှိအောင် လုပ်ပေးသင့်ကြောင်း အမြင်တစ်ခု ရရှိစေမှာပါ။

၂) မိဘနဲ့ ကလေးအကြား

ဇာတ်လမ်းမှာ မိဘနဲ့ ကလေးအကြား သွန်သင်ဆုံးမမူ၊ ကလေးရဲ့ အားနည်းချက်၊ အားသာချက်တွေကို မိဘအနေဖြင့် ကောင်းကောင်း သိရှိနားလည်ဖို့စတဲ့ သင်ခန်းစာများကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေ အပေါ် အရမ်းဖိအားပေးတဲ့အခါ ဖြစ်လာနိုင်တဲ့ ပြဿနာများကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးတင်ပြထားပါတယ်။

၃) ဆရာနဲ့ ကလေးများရဲ့ အရေးပါမူ

ဇာတ်လမ်းထဲမှာ အီရှန်းကို ဆရာဖြစ်သူသာ ကောင်းမွန်စွာ မသင်ကြား လမ်းမပြနိုင်ခဲ့ဘူးဆိုရင် အီရှန်းဟာ တကယ့် ထူးချွန်သူ တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာတွေဟာ ကလေးများအတွက်
လွန်စွာ အရေးပါကြောင်း သင်ခန်းစာကို ရနိုင်ပါတယ်။

၄) ကလေးများအားလုံး တန်ဖိုးရှိတယ်

ငယ်ရွယ်တဲ့ ကလေးတွေဟာ ဘာမှ မသိရှိကြသေးပါဘူး။ သူတို့ကို မိဘ၊ ဆရာစတဲ့ သူတွေက ကောင်းစွာ လမ်းပြပေးမယ်ဆိုရင် အားလုံးဟာ အဖိုးတန်တဲ့ ရတနာတွေ ကြီးပဲ ဖြစ်မယ်ဆိုတဲ့ အတွေးအမြင်ကောင်းကိုလည်း
ဇာတ်ကားလေးမှာ ပေးစွမ်းပါလိမ့်မယ်။

၅) မိဘနဲ့ သားသမီး ခွဲခွာရတဲ့ ခံစားချက်

နုနယ်တဲ့ ကလေးငယ်လေး တစ်ဦး မိသားစုနဲ့ ခွဲရတဲ့အခါမှာ လွမ်းဆွတ်ခြင်း တမ်းတခြင်းတွေဟာ ဘယ်လောက်ခံစားရသလဲ ဆိုတာကို ကြည့်ရှုသူများ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top