ပြောင်းဖူးမွေးကိုသုံးပြီး ပလတ်စတစ်အစားထိုးအိတ် ဖန်တီးခဲ့တဲ့ အိန္ဒိယလူငယ်

20.8.2024-yyl-5.jpg

အိန္ဒိယနိုင်ငံမှ စွန့်ဦးတီထွင်သူတစ်ဦးဟာ သကြား၊ ဆယ်လူလို့စ်၊ ပြောင်းဖူးမွေးတို့ကို အသုံးပြုပြီး အိန္ဒိယနိုင်ငံမှ အသေးစားလုပ်ငန်းတွေအတွက် ပလတ်စတစ်အစားထိုး အိတ်တစ်မျိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဟိုင်ဒြာဘတ်မြို့မှာ နေထိုင်တဲ့ မိုဟစ်ဒင်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သဘာဝပတ်ဝန်းကျင်အရေးကို တိုက်ဖျက်ပေးနိုင်မယ့် စွန့်ဦးတီထွင် လုပ်ငန်းတစ်ခု တည်ထောင်ဖို့ စဉ်းစားရင်း ပလတ်စတစ်အစားထိုး အိတ်တွေ ထုတ်လုပ်ဖို့ အကြံရခဲ့တာပါ။

နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေက ပလတ်စတစ်အိတ်တွေအစား စက္ကူ၊ ဂျပ်ထည်သားတွေနဲ့ ဖန်တီးထားတဲ့အိတ်တွေကို အသုံးပြုကြပေမဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက်ကျတော့ အဲဒီအိတ်တွေက ဈေးကြီးလို့ အတားအဆီးတစ်ရပ် ဖြစ်နေပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေအတွင်း သုတေသနလုပ်ကာ ဖော်ထုတ်နိုင်ခဲ့တဲ့ ဇီဝဓာတ်ပြယ်နိုင်သော ပိုလီမာ(PBAT)ကို ပြောင်းဖူး၊ အာလူးတွေကနေ ထုတ်လုပ်ခဲ့ကြောင်း မိုဟစ်ဒင်က လေ့လာတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ ကွာရန်တင်းစည်းမျဉ်းတွေကို ရှောင်ရှားပြီး ဂူဂျာရတ်ပြည်နယ်ထံသွားကာ PBAT အိတ်တွေကို ထုတ်လုပ်နိုင်မယ့် စက်အမျိုးအစားကို ရှာဖွေခဲ့ပါတယ်။ ပလတ်စတစ်အစားထိုးအိတ် ထုတ်လုပ်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့တင်ပြချက်တွေဟာ ရန်ပုံငွေ ဒေါ်လာ ၁၀၀၀၀ အထိ ရှာဖွေနိုင်ခဲ့တာကြောင့် စီမံကိန်းကို စတင်နိုင်ခဲ့တာပါ။ အခုအခါမှာတော့ မိုဟစ်ဒင် တည်ထောင်ထားတဲ့ Bio Reform ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံတစ်ဝန်းမှ စတိုးဆိုင်တွေမှာ ပလတ်စတစ်အိတ် ၆ သန်းအစား သူတို့အိတ်တွေကို အစားထိုးနိုင်ခဲ့ပါပြီး ဖြစ်ပါတယ်။

တက္ကသိုလ် ပညာရေးတစ်ဖက် သင်ကြားနေရင်း ကုမ္ပဏီထောင်ခဲ့တဲ့ မိုဟစ်ဒင်ဟာ ဒေဝါလီခံရမယ့် အခြေအနေမျိုးအထိ ကြုံခဲ့ပေမဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ တစ်နှစ်ကို PBAT အိတ် ၅ သိန်းနီးပါး ထုတ်လုပ်နိုင်တာကြောင့် ဝင်ငွေ ဒေါ်လာ ၁၈၀၀၀၀ ကျော် ရှိလာခဲ့ပါပြီ။

Ref: Startup Replaces 6 Million Plastic Bags with Prototype Made from Corn Waste That Decomposes in 180 Days
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top