၁၇ နှစ်အရွယ် အီတလီကျောင်းသားက နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်

22.8.2024-yyl-2.png

ဗြိတိန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ အသက် ၁၇ နှစ်အရွယ် အီတလီကျောင်းသားတစ်ဦးဟာ နျူကလီးယားဓာတ်ပေါင်းဖိုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး သူ့ရဲ့ပရောဂျက်ဟာ A-level အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဆီဆာမန်ကာရီနီဟာ သူ့ရဲ့နျူကလီးယားဓာတ်ပေါင်းဖိုကို ၁၈ လကြာ အချိန်ယူ မွမ်းမံပြင်ဆင်ခဲ့ပြီးနောက်မှာတော့ ပလာစမာ ထုတ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်ရှိခဲ့ပြီး ကမ်းဘရစ်သိပ္ပံပြပွဲမှာလည်း ထည့်သွင်းပြသနိုင်ခဲ့ပါတယ်။

အစောပိုင်းမှာ ဘေးအန္တရာယ်ကင်းရှင်းပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ကြုံခဲ့ပေမဲ့ မန်ကာရီနီရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုဟာ စမ်းသပ်စစ်ဆေးမှုအဆင့်တွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ကျောင်းသား/သူတစ်ဦး တီထွင်ဖန်တီးတဲ့ ပထမဆုံးသော နျူကလီးယားဓာတ်ပေါင်းဖိုလည်း ဖြစ်ပါတယ်။ မန်ကာရီနီကတော့ ဘရစ္စတိုးလ်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ဆက်လက်သင်ယူသွားမှာပါ။

မန်ကာရီနီ ဖန်တီးခဲ့တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကတော့ စွမ်းအင်လုပ်ငန်းပိုင်းဆိုင်ရာကို တစ်ဆစ်ချိုး အပြောင်းအလဲဖြစ်စေမယ့်အရာလို့ မှတ်ယူခံထားရပါပြီ။

Ref: Teen builds his own nuclear fusion reactor at college as part of his A* grade in his A-levels
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top