ပြင်သစ်နိုင်ငံမှ ဖခင်တစ်ဦးဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းဝန်းကူညီမှုကြောင့် သွေးကင်ဆာရောဂါ ခံစားနေရတဲ့ သမီးဖြစ်သူအနားမှာ တစ်နှစ်နီးပါး ပြုစုစောင့်ရှောက်ခွင့် ရခဲ့ပါတယ်။
ခရစ္စတိုဖီဘလန့်ရဲ့ ၅ နှစ်အရွယ် သမီးလေးဟာ သွေးကင်ဆာ ခံစားနေရပြီး သူ့အနေနဲ့ သမီးဘေးနားမှာ ရှိနေဖို့ အလွန်အရေးကြီးနေတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ ခွင့်ရက်တွေကို ခရစ္စတိုဖီဘလန့်အတွက် ပေးခဲ့ကြတာပါ။ ဒါကြောင့် ခရစ္စတိုဖီဘလန့်က လစာအပြည့်ရတဲ့ ခွင့်ရက်ပေါင်း ၂၆၂ ရက် ရရှိခဲ့ပါတယ်။
အကြင်နာတရားအပေါ် အခြေခံတဲ့ စည်းလုံးညီညွတ်မှုဟာ ပြင်သစ်မီဒီယာတွေမှာသာမက ကမ္ဘာ့မီဒီယာတွေမှာပါ ပျံ့နှံ့သွားခဲ့ပါတယ်။ လုပ်ငန်းခွင်တစ်ခုရဲ့ ပကတိအင်အားဆိုတာ စည်းမျဉ်းတွေ၊ အကျိုးအမြတ်တွေက သတ်မှတ်ပေးတာမဟုတ်ဘဲ စည်းလုံးညီညွတ်မှု၊ ကိုယ်ချင်းစာနာတတ်မှုတွေနဲ့ တိုင်းတာလို့ရတယ်ဆိုတာကို ဒီဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။
Ref: The touching story of Christophe Blanc, a French father who received 262 days of paid leave
NZ ( ရိုးရာလေး)

