ဂျပန်နိုင်ငံရဲ့အသက်အငယ်ဆုံးအုပ်ချုပ်ရေးမှူး တာခါတို အီရှိဒါ

Japan.png

ဇန်နဝါရီ ၂၅ ရက်နေ့က ဖူကူအိအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ အသက် ၃၅ နှစ်အရွယ် တာခါတို အီရှိဒါ အနိုင်ရသွားခဲ့ပါတယ်။ သူဟာ အခုဆို ဂျပန်နိုင်ငံရဲ့အသက်အငယ်ဆုံးအုပ်ချုပ်ရေးမှူးဖြစ်နေပါပြီ။ သူ အခုလိုအနိုင်ရသွားပြီးနောက် သူ့အကြောင်းက သတင်းမီဒီယာတွေရဲ့သတင်းခေါင်းကြီးပိုင်းမှာ ဖော်ပြခံနေရပါတယ်။

သူဟာ ဂျပန်နိုင်ငံရဲ့စီရင်စုတွေထဲက တစ်ခုမှာ အုပ်ချုပ်ရေးမှူးအဖြစ် အသက် ၆၀ ကျော်တွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူ့ရဲ့ရုပ်ရည်ကြည့်ကောင်းမှုက လူအများကို သတိထားမိစေခဲ့ပါတယ်။ တာခါတိုက ၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနထဲ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ မဲလ်ဘုန်းမြို့က ဂျပန်ကောင်စစ်ဝန်ရုံးချုပ်မှာ ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အုပ်ချုပ်ရေးမှူးရာထူးအတွက်ဝင်ရောက်အရွေးခံဖို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ဝန်ကြီးဌာနကနေ နှုတ်ထွက်ခဲ့ပါတယ်။

သူက နိုင်ငံတကာဆက်သွယ်ရေး (Kandai Gaidai တက္ကသိုလ်) နဲ့ နိုင်ငံတကာလေ့လာရေး (Pacific တက္ကသိုလ်) မှ ဝိဇ္ဇာဘွဲ့ ၂ ခုရရှိထားပြီး ၂၀၁၈ ခုနှစ်မှာ Georgetown University’s Walsh School of Foreign Service ကနေ နိုင်ငံခြားဝန်ဆောင်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။ သူ့မှာ မွေးချင်းမောင်နှမ ၂ ယောက်ရှိပြီး ဖခင်ဖြစ်သူက လန်ဒန်မှာ အလုပ်လုပ်ကိုင်နေတဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးပါ။ တာခါတိုမှာ ချစ်သူ (ဒါမှမဟုတ်) လက်ထပ်ထားသူရှိလားဆိုတာတော့ မသိရှိရပါဘူး။

သူ့ရဲ့ရုပ်ရည်ကြည့်ကောင်းမှုကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက မျက်စိကျနေကြတာပါ။ တာခါတိုရဲ့နိုင်ငံရေးပြိုင်ဘက်တွေက အဲ့ဒါကြောင့်ပဲ သူ့ကို မဲပေးမှုများခဲ့တာဖြစ်တယ်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။ သူ့ရဲ့ရုပ်ရည်က ပေါ်လစီထက် သူ့ရဲ့ကျော်ကြားမှုကို ပိုပြီးလှုံ့ဆော်စေခဲ့တယ်လို့ ပြောနေကြပါတယ်။

Ref: This 35-Year-Old Just Became Japan’s Youngest Governor & The Internet’s Latest Crush

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top