ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ သဘာဝမျက်လုံးအတိုင်း လုပ်ဆောင်နိုင်စွမ်းရှိတဲ့ မျက်လုံးကို ပင်မဆဲလ်ကနေ ဖန်တီးနိုင်ခဲ့ပါတယ်။ လူ့ခန္ဓာကိုယ် တစ်သျှူးကနေ ထုတ်ယူထားတဲ့ ပင်မဆဲလ်ကို အသုံးပြုပြီး ကျိုတိုတက္ကသိုလ်ရဲ့ ပြန်လည်သန်စွမ်းစေသောဆေးဝါးဆိုင်ရာအဖွဲ့မှ ဦးဆောင်ကာ မျက်လုံး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ မျက်လုံးဟာ မြင်လွှာ၊ မှန်ဘီလူး၊ မျက်ကြည်လွှာ အစရှိတဲ့ အစိတ်အပိုင်းတွေ အပြည့်အစုံ ပါဝင်ပါတယ်။ မျက်လုံး စတင်ဖြစ်ပေါ်လာစေတဲ့ အခြေအနေကို တုပ ဖန်တီးထားတဲ့ မျက်လုံးဟာ အလင်းကို တုံ့ပြန်နိုင်စွမ်းရှိပြီး အာရုံကြောစနစ်နဲ့ အခြေခံ ဆက်သွယ်ချက်တွေကိုပါ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
အခုလို ဖန်တီးနိုင်ခဲ့တာဟာ အမြင်အာရုံ ဆုံးရှုံးမှုကို ကုသရေးမှာ အသွင်ပြောင်းလဲမှုတစ်ရပ် ဖြစ်လာစေလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ရာမှာ အားရကျေနပ်စရာ ရလဒ်တွေ ထွက်ပေါ်ထားပေမဲ့ လူသားတွေမှာ အစားထိုးခွဲစိတ်မှု လုပ်နိုင်ဖို့တော့ ကာလရှည် စောင့်ဆိုင်းဖို့ လိုနေပါသေးတယ်။
Ref: Scientists Grow Whole Functioning Eye in the Lab.
NZ ( ရိုးရာလေး)