Ya Kun Kaya Toast အမှတ်တံဆိပ်ကို ကြိုက်နှစ်သက်တဲ့အတွက် လိုဂိုကိုတက်တူးထိုးခဲ့တဲ့ ဖိလစ်ပိုင်လူမျိုး

tatoo.jpg

စင်ကာပူရဲ့မနက်စာနဲ့ပတ်သက်လာရင် Ya Kun Kaya Toast က စင်ကာပူရောက်တဲ့သူတွေသွားစားသင့်တဲ့ နေရာတစ်ခုပါပဲ။ စင်ကာပူသွားမှ စားရမှာလားဆိုရင်တော့ မဟုတ်ပါဘူး။ Ya Kun Kaya Toast က စင်ကာပူနိုင်ငံအနှံ့မှာ ဖွင့်ထားသလို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများလည်း ဖွင့်ထားတာပါ။

အသက် ၃၀ နှစ်အရွယ် ဂျွန် ပေါလ် ပီနူလီယာဆိုတဲ့ ဖိလစ်ပိုင်လူမျိုးအမျိုးသားဟာဆိုရင် Ya Kun Kaya Toast ရဲ့အစားအစာတွေကို နှစ်သက်တဲ့အတွက် သူ့ရဲ့လက်မှာ လိုဂိုကိုတောင် တက်တူးထိုးထားပါတယ်။ သူဟာ စင်ကာပူနိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံကို မပြန်ခင် တက်တူးထိုးခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တက်တူးပုံကို တင်ခဲ့ပါတယ်။

သူ့တက်တူးကို ပြလိုက်တဲ့အချိန်မှာ လူအများက မယုံနိုင်ဖြစ်ခဲ့ကြပြီး အဲ့ဒါက တကယ်အစစ်လားလို့ မယုံသင်္ကာဖြစ်ခဲ့ကြပါတယ်။ ဂျွန်က စင်ကာပူက သိပ်မသိသာတဲ့ ထူးခြားတဲ့အရာတစ်ခုခုကို လိုချင်တဲ့အတွက် တက်တူးထိုးခဲ့တာဖြစ်တယ်လို့ သူက ဆိုထားပါတယ်။ သူ Ya Kun Kaya Toast လိုဂိုကို တက်တူးမထိုးခင် Merlion ရုပ်တု (ဒါမှမဟုတ်) ကြက်ဆီထမင်းပုံတက်တူးထိုးဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ သူ့မှာ အခြားတက်တူးတွေရှိပေမဲ့ အစားအသောက်အမှတ်တံဆိပ်ရဲ့လိုဂိုကို တက်တူးထိုးတာပထမဆုံးဖြစ်ပါတယ်။

ဂျွန်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာအလုပ်နဲ့ စင်ကာပူကို ပြောင်းရွှေ့လာခဲ့တဲ့အချိန်မှာ ဒီYa Kun Kaya Toastရဲ့အစားအစာတွေကို ပထမဆုံးကြိုက်နှစ်သက်ခဲ့တာပါ။ အလုပ်အသစ်အတွက် ဖိလစ်ပိုင်နိုင်ငံကို ပြန်တော့မှာဖြစ်ပေမဲ့ သူဟာ ဖိလစ်ပိုင်မှာ ရှိတဲ့ Ya Kun Kaya Toast ဆိုင်ခွဲမှာလည်း သွားစားဖို့ စီစဉ်ထားပါတယ်။

Ref: This Filipino man loves Ya Kun Kaya Toast so much, he got a tattoo of its logo

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top