တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးသူ ၆၆ ဦး ရှိလာ

tiff.jpg

ယခုနှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းတစ်လုံးဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီ(Kalmaegi)ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံး လူ ၆၆ ဦး သေဆုံးခဲ့ပြီး လူသိန်းချီ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ တည်ရှိပြီး လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဆီဘူကျွန်းဟာ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီး သေဆုံးသူ ၄၉ ဦး၊ ပျောက်ဆုံးသူ ၂၆ ဦး ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးအရာရှိတစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှ ရုပ်သံမှတ်တမ်းတွေအရ အမိုးပွင့်ထွက်နေတဲ့ အိမ်တွေ၊ လမ်းပေါ်မှာ ရေစီးအတိုင်း မျောပါနေတဲ့ ကားတွေ၊ ကွန်တိန်နာပုံးတွေကို မြင်တွေ့ရပါတယ်။


ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စေလွှတ်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး စစ်ဘက်ဆိုင်ရာအမှုထမ်း ၆ ဦးလည်း သေဆုံးခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီဟာ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းချိန်မှာ ပိုမိုအားကောင်းလာနေပြီး ဗီယက်နမ်နိုင်ငံကို ဦးတည်လျက်ရှိပါတယ်။ လာမယ့်သောကြာနေ့မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး  ဗီယက်နမ်နိုင်ငံမှာ ပြင်ဆင်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

Ref: Typhoon Kalmaegi kills at least 66 in the Philippines, heads toward Vietnam

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top