ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံ၊ဒေလီမြို့ရှိ the Fun N Food Water & Amusement Park အပန်းဖြေဉယျာဉ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ရိုလာကိုစတာပေါ်ကနေ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။ ပရီရန်ကာ ရာဝတ်ဆိုတဲ့ အဲ့ဒီအမျိုးသမီးက သူ့ခင်ပွန်းလောင်း နဲ့ရိုလာကိုစတာစီးနေခဲ့ပြီး ၆ မီတာအမြင့်ကနေ ပြုတ်ကျခဲ့တာပါ။
သူဟာ ဒီမတော်တဆမှုကြောင့် ညာဖက်ခြေထောက်မှာ ဒဏ်ရာနက်နက်တစ်ခု၊ ဘယ်ဖက်ခြေထောက်မှာ ထိုးဖောက်ဒဏ်ရာတစ်ခုအပြင် ညာဖက်လက်ဖျံနဲ့ဘက်ဖက်ဒူးခေါင်းတို့မှာ ပွန်းပဲ့ဒဏ်ရာများစွာရရှိခဲ့ပြီး သေဆုံးသွားခဲ့တာပါ။ သူဟာ ဆေးရုံရောက်တာနဲ့ သေဆုံးခဲ့ပါတယ်။
ပရီရန်ကာဟာ သွားနေတဲ့ရိုလာကိုစတာအထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာ ပြုတ်ကျခဲ့တာပါ။ ဒီမတော်တဆဖြစ်ပြီးတဲ့နောက်မှာ ရိုလာကိုစတာကို ပိတ်သိမ်းပစ်ခဲ့ပါတယ်။ ပြုတ်ကျရခြင်းအကြောင်းအရင်းက ထိုင်ခုံခါးပတ်ချွတ်ယွင်းမှုကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။
ပရီရန်ကာက အခုနှစ် ဖေဖော်ဝါရီလမှာ သူ့ချစ်သူနဲ့ စေ့စပ်ခဲ့ပြီး နောက်နှစ်ထဲ လက်ထပ်ဖို့ စီစဉ်ထားခဲ့တာပါ။
Ref: Woman, 24, dies after falling 6 metres from roller coaster in India
WL (ရိုးရာလေး)