လီယမ်ပိန်းသေဆုံးပြီးနောက် သူ့ရဲ့ဖျော်ဖြေရေးခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တဲ့ ဇိန်း မာလိခ်

21.10.2024-yyl-1.jpg

အောက်တိုဘာ ၁၆ ရက်နေ့က One Direction အဖွဲ့ဝင်ဟောင်းလီယမ်ပိန်း ဟိုတယ်တစ်ခုရဲ့ ၃ လွှာကနေ ပြုတ်ကျသေဆုံးခဲ့ပြီးနောက် အဆိုတော် ဇိန်း မာလိခ်ဟာ အမေရိကန်မှာ ဖျော်ဖြေမယ့်သူ့ရဲ့ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်းကို အောက်တိုဘာ ၁၉ ရက်နေ့က သူ့ရဲ့အင်စတာဂရမ်ကနေ ရေးသားပြောဆိုခဲ့တာပါ။

“ဒီအပတ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကြေကွဲဝမ်းနည်းစရာဆုံးရှုံးမှုတွေကြောင့် the STAIRWAY TO THE SKY ရဲ့ အမေရိကန်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတဘ်။ ဇန်နဝါရီလအတွက် နေ့ရက်တွေကို ပြန်လည်သတ်မှတ်မှာဖြစ်ပြီး နောက်ရက်အနည်းငယ်အတွင်းအားလုံးသတ်မှတ်ပြီးတာနဲ့ တင်ပေးပါမယ်။ ဝယ်ယူပြီးသားလက်မှတ်တွေက ပြောင်းလဲလိုက်တဲ့ရက်တွေအတွက် အကျုံးဝင်မှာပါ။ အားလုံးကို ချစ်ပါတယ်။ နားလည်ပေးလို့လည်း ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့တာပါ။

ဇိန်း မာလိခ်နဲ့ လီယမ်ပိန်းတို့က One Direction အဖွဲ့ဝင်တွေအဖြစ် ကျော်ကြားလာခဲ့ပြီး ညီအစ်ကိုတွေလိုဖြစ်ခဲ့ကြတာပါ။

လီယမ်ပိန်းရဲ့သေဆုံးတဲ့သတင်းဖတ်ရှုရန် – ဟိုတယ်ရဲ့ ၃လွှာကနေ ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း
https://yoyarlay.com/liam-payne-former-one-direction…/

Ref: Zayn Malik postpones tour following Liam Payne’s death

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top