ဧပြီလမှာ ကိုဗစ်ကူးစက်ခံခဲ့ရတယ်ဆိုတာကို လျှို့ဝှက်ထားခဲ့တဲ့ မင်းသားဝီလျံ

3-11-2020-yyl-001.jpg

တော်ဝင်မင်းသားဝီလျံဟာ အခုနှစ်အစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ မင်းသားဝီလျံက ပြည်သူတွေကို သူ့ရဲ့ရောဂါအကြောင်းကို တရားဝင်ထုတ်ပြောပြခဲ့ခြင်းမရှိပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်ဆိုတာကို တော်ဝင်အမျိုးအနွယ်ရဲ့သတင်းအရင်းအမြစ်အရ သိခဲ့ရပါတယ်။ မင်းသားဝီလျံက ဧပြီလမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖခင် ချားလ်မင်းသားပြီးရင် ဒုတိယမြောက်ထီးနန်းဆက်ခံမယ့် မင်းသားဝီလျံဟာ ဧပြီလမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး နန်းတော်မှာပဲ ဆရာဝန်တွေနဲ့ ကုသမှုခံယူခဲ့ကာ အိမ်မှာ သီးခြားနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တော်ဝင်အမျိုးအနွယ်တွေက ပြည်သူတွေကို အထိတ်အလန့်မဖြစ်စေချင်တဲ့အတွက် သူ့ရဲ့ကျန်းမာရေးအခြေအနေကို လျှို့ဝှက်ထားခဲ့တာဖြစ်နိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ ဧပြီလအတွင်းမှာပဲ မင်းသားဝီလျံက Video Call ကနေတဆင့် ဆရာ၊ဆရာမတွေကို ကျေးဇူးတင်စကားပြောဆိုခဲ့တာတွေ၊ ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဂုဏ်ပြုပေးခဲ့တာတွေလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ်။

မင်းသားဝီလျံက သူ့ရဲ့ဖခင် ချားလ်မင်းသား ကိုဗစ်ကူးစက်ခံခဲ့ရပြီးတဲ့နောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ရတာပါ။ ဇနီးနဲ့ကလေးတွေကတော့ ရောဂါပိုးကူးစက်မခံခဲ့ရဘူးလို့ သိရပါတယ်။ ချားလ်မင်းသားကတော့ ရောဂါလက္ခဏာနည်းနည်းပဲခံစားခဲ့ပြီး ကျန်းမာရေးကောင်းမွန်စွာနဲ့ အရင်အတိုင်းပဲ အိမ်ကနေ အလုပ်လုပ်ကိုင်နေခဲ့တယ်ဆိုတာကို မတ်လက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မင်းသားဝီလျံကို ပြီးခဲ့တဲ့လက ပွဲတစ်ခုမှာ ဘုရင်မအဲလီဇဘတ်ရဲ့ဘေးမှာ မြင်တွေ့ခဲ့ပါတယ်။

Ref: CBSNews “Prince William reportedly tested positive for COVID-19 in April”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top