လူတိုင်း အတွေးအမြင် မတူနိုင်တာမို့ သူတစ်ပါးရဲ့ စိတ်ကူးနဲ့ အမြင်ကို လေးစားစိတ် ထားပေးပါ

bliend-man-e1565533854486.jpg

တစ်ခါတုန်းက ရွာတစ်ရွာမှာ မျက်စိကန်းနေတဲ့ လူတစ်ယောက်ရှိပါတယ်။ ရွာမှာ မီးတွေလည်း သေချာမရှိသေးတော့ သူက မမြင်ရပေမယ့်လည်း ညဖက်အပြင်ထွက်တိုင်း မီးအိမ်လေး ကိုင်ပြီး အပြင်ထွက်လေ့ရှိတယ်။

တစ်ညမှာတော့သူက ညစာထွက်စားပြီး မီးအိမ်လေး ကိုင်ပြီး အိမ်ပြန်လာတာပေါ့။ လမ်းမှာ ခရီးသွားအုပ်စု တစ်စုနဲ့ တွေ့ပါသတဲ့။ အဲ့ဒီလူတွေက သူ့ကို မျက်စိမမြင်တာ သိသွားကြပြီး မီးအိမ်ကြီး ကိုင်လာတော့ သူ့ကို ဝိုင်းပြီး ဝေဖန်ကြ စနောက်ကြတော့တာပေါ့။ မျက်စိလည်း မမြင်ရဘဲနဲ့ဘာလို့ မီးအိမ်ကိုင်လာရသလဲဆိုပြီးတော့လည်း ဝိုင်းပြီး စပ်စုကြတော့တာပေါ့။
အဲ့ဒီမှာ မျက်မမြင်တဲ့သူက အခုလို ရှင်းပြပါတယ်။ သူက ကံမကောင်းလို့ မျက်စိမမြင်ပေမယ့်လည်း မျက်စိမြင်တဲ့ သူတွေ  မြင်ရအောင် မီးအိမ်လေး သယ်သွားရတာ ဖြစ်တယ်။ မဟုတ်ရင် မှောင်နေတဲ့အတွက် မမြင်ရဘဲ မျက်စိမမြင်ရတဲ့ သူ့ကို တွန်းတိုက်သွားမှာစိုးလို့ သူမမြင်ရပေမဲ့ မြင်နေရသူတွေအတွက် အလင်းရောင်ရအောင် ညဖက်ဆို မီးအိမ်သယ်ပြီး အပြင်ထွက်တာပါလို့ သူက ပြောပြလိုက်ပါတယ်။ စိတ်ကူးကောင်းလေးလို့ ဆိုရမှာပါပဲ။ အဖြစ်မှန်ကို သိသွားတဲ့ အခါမှာတော့ သူ့ကို လှောင်ပြောင်မိတဲ့အတွက် ခရီးသွားအုပ်စု ပြန်ပြီးတောင်းပန်လိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကနေတဆင့် ပြောပြချင်တာကတော့ သူတစ်ပါးကို တစ်ဖက်သက် လွယ်လွယ်ကူကူမဝေဖန်ဖို့ပါ။ သူ့မှာလည်း သူ့အကြောင်းနဲ့ သူ့စိတ်ကူးနဲ့သူ ရှိနေနိုင်တာမို့ သူတပါးရဲ့ အမြင်နဲ့ အတွေးအခေါ်ကို လေးလေးစားစား ဂရုစိုက်ပေးဖို့လိုပါတယ်။ ကိုယ့်ဖက်က ရယ်စရာ ဟာသ ကိစ္စတစ်ခု ဖြစ်နေနိုင်ပေမယ့် တစ်ဖက်လူအတွက်က လိုအပ်လို့လုပ်တဲ့ အရာ ဖြစ်နေနိုင်တာကြောင့် လွယ်လွယ်ကူကူ တဖက်သက် အကဲမဖြတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။

Ref: A Man with a Lamp

Jong Kin (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top