ကိုယ်အင်္ဂါမသန်စွမ်းပေမဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဘဝခရီးဆက်နေသူ

တခြားသူတွေအမြင်မှာတော့ ကိုသန်းစိုးက ကိုယ်အင်္ဂါမပြည့်စုံသူတစ်ယောက်ဖြစ်နေပေမဲ့ သူ့မိသားစုအတွက်တော့ သူက သူရဲကောင်းတစ်ဦးပါပဲ။

ကိုသန်းစိုးက မွေးရာပါ မသန်စွမ်းသူတစ်ယောက်မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ် တိုင်းပြည်အုံကြွမငြိမ်မသက်ဖြစ်နေတဲ့ကာလမှာ မတော်တဆပေါက်ကွဲမှုတစ်ခုကြောင့် အခုလိုခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့ရတာပါ။

ကြေးနီရောင်အသားအရေ၊ ပြတ်သားတဲ့ဟန်ပန်ရှိတဲ့ ကိုသန်းစိုးက ကိုယ်အင်္ဂါမသန်စွမ်းပေမဲ့လည်း စိတ်ဓာတ်အင်အားခိုင်ခိုင်မာမာနဲ့သူတတ်ကျွမ်းထားတဲ့ ငါးဖမ်းလုပ်ငန်းကိုလုပ်ကိုင်ပြီး သူ့မိသားစုရဲ့ဝမ်းရေးပြဿနာကိုဖြေရှင်းဖို့အတွက် ရန်ကုန်မြစ်အတွင်းက လှိုင်းလေတွေကြားမှာ စုန်ဆန်ကူးလူးရင်း ဘဝတိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top