လူငယ်မိန်းကလေးတစ်ယောက်ရဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာ

အသက် (၂၀) ရှိ မိန်းကလေးငယ်တစ်ဦးရဲ့ အနုပညာမြောက်တဲ့ မိတ်ကပ်ဖန်တီးမှုလက်ရာတွေ ဖြစ်ပါတယ်။ မဝင်းလတ်ပိုင်ထက်က ဒီမိတ်ကပ်အနုပညာကို ဖန်တီးလာတာ အချိန်တစ်နှစ်ကျော်ရှိနေပါပြီ။ “ဒီဖန်တီးမှုနဲ့ပတ်သတ်ပြီး လူတွေပိုပြီး လက်ခံလာအောင်လည်း ကြိုးစားသွားမယ် “လို့ သူက ဆိုပါတယ်။

သူ့ဖန်တီးမှုတွေထဲမှာ တချို့က မိနစ် ၃၀ လောက်သာကြာမြင့်တတ်ပေမဲ့ တချို့ဖန်တီးမှုတွေကတော့ အချိန် ၃ နာရီကျော်လောက် ကြာမြင့်တတ်ပါတယ်။ ဝါသနာကနေ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအဖြစ် လုပ်ကိုင်နိုင်ဖို့အထိလည်း သူကမျှော်လင့်ထားတာပါ။ “အခွင့်အရေးရရင်တော့ ဒီဖန်တီးမှုနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို ထုတ်ချင်ပါတယ်” လို့လည်း သူက ပြောပြခဲ့ပါတယ်။

Team (ရိုးရာလေး) www.yoyarlay.com

{youtube}MMqvEMtgbho{/youtube}

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top