အလုပ်သစ်ရှာတော့မယ်ဆိုရင်

quit-job.jpg

ကျောင်းပြီးလို့ အခုမှ လုပ်ငန်းခွင်ကို စတင်ခြေချချင်တဲ့သူတွေပဲဖြစ်ဖြစ်၊ မပျော်ပိုက်တဲ့ လုပ်ငန်းခွင်မှာ လုပ်နေရတဲ့သူတွေပဲဖြစ်ဖြစ် အလုပ်သစ်တစ်ခုကို ရှာဖို့ရ စိတ်ကူးရှိကြမှာပါ။ ခုခေတ်မှာ အလုပ်တွေပေါပေမယ့် ကိုယ့်စိတ်တိုင်းကျစေတဲ့အလုပ်ကို ရှာရတဲ့နေရာမှာ အခက်အခဲလေးတွေ ရှိပါတယ်။ ဒီအခက်အခဲတွေ ဘယ်လိုကျော်မလဲ ဆိုရင်တော့

(၁)ကိုယ်ရေးရာဇဝင်ကို အသစ်ပြင်ပါ။

မိတ္ထူဆိုင်မှာဝယ်တဲ့ အလုပ်လျှောက်လွှာမှာ ကိုယ်ရေးရာဇဝင်မှာ ဖြည့်မယ်ဆိုတဲ့ စိတ်ကူးရှိရင် ခပ်ဝေးဝေးကို လွှင့်ပစ်လိုက်ပါ။ ဒီခေတ်မှာ ဒီအလုပ်လျှောက်လွှာနဲ့ အလုပ်လျှောက်မယ်ဆိုရင် သိပ်အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ်ရေးရာဇဝင်ကို အသေးစိတ်ရေးပါ။ ဘယ်ခုနှစ်မှာ ဘွဲ့ရတယ်။ ဘယ်ခုနှစ်မှာ အလုပ်စလုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့ အလုပ်တွေ၊ အတွေ့အကြုံတွေ သင်ယူရတာတွေကို စဉ်းစားပြီး လိုရင်းတိုရှင်း၊ ကျစ်ကျစ်လစ်လစ်နဲ့ ရေးပါ။ Fresher ဆိုရင် တက်ခဲ့တဲ့ သင်တန်းတွေထက် ဒီသင်တန်းတွေက ဘာအချက်တွေကို ကောင်းကောင်းသင်ခဲ့တယ်ဆိုတော့ ပြောပြဖို့လိုပါလိမ့်မယ်။ အတွေ့အကြုံရှိတယ်ဆိုရင်တော့ ဘာတွေကို ကျွမ်းကျင်တယ်ဆိုတာနဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို ပေါ်လွင်အောင် ရေးပါ။ လျှောက်ချင်တဲ့ကုမ္ပဏီကို ဦးတည်ပြီး လျှောက်ချင်တဲ့ ရာထူးနဲ့ကိုယ့်ကျွမ်းကျင်မှုကို  အသေးစိတ်အကြောင်းအရာတွေကို ခြုံငုံရေးထားတဲ့ Cover letter တစ်စောင်ကိုလည်း အရံသင့်ထားပါ။

(၂) အလုပ်ထွက်ပြီးမှ အလုပ်သစ် မရှာပါနဲ့။

ဒါကတော့ fresher တွေ အတွက်မဟုတ်ပါဘူး။ သင့်ဝင်ငွေနဲ့ သင့်ဘာသာသင်ရပ်တည်နေရတယ်ဆိုရင် အလုပ်ထွက်ပြီးမှ အလုပ်ရှာရတဲ့အခါ စိတ်ဖိစိမှုပိုများပါတယ်။ အလုပ်သစ်ကို သိပ်သဘောမကျဘဲ ဝင်ငွေရချင်လို့ အဆင်ပြေတဲ့အလုပ်ကို လုပ်ရတာမျိုး ဖြစ်သွားပါလိမ့်မယ်။ အရင်အလုပ်ထက် ပိုအဆင်ပြေပြီး စိတ်တိုင်းကျမယ့် အလုပ်မျိုးကို အချိန်ပေးပြီး ရှာပါ။

(၃)လူမှုကွန်ရက်များကို အသုံးချပါ။

အလုပ်ရှာဖို့အတွက် အကောင်းဆုံးက လူမှုကွန်ရက်တွေမှာ ရှာတာပါပဲ။ Facebook နဲ့ LinkedIn တွေကို အသုံးပြုပါ။ အဲဒီမှာ လစာကောင်းတဲ့ အလုပ်တွေရှိပါတယ်။

(၄)အလုပ်ရှင်ဟောင်းနဲ့ ဆက်ဆံရေးကောင်းမွန်ပါစေ။

အလုပ်သစ်ရပြီဆိုရင်တော့ တစ်လလောက်ကြိုပြီး အသိပေးထားသင့်တာက သင့်ကို ပိုပြီး Profession ဆန်စေပါတယ်။ ဒီလိုအလုပ်ထွက်မယ့်စာမှာ လက်ရှိအလုပ်မှာ ဘာတွေ သင်ယူခဲ့တဲ့ဆိုတာမျိုး၊ အလုပ်ရှင်ကို သဘောမကျရင်တောင်မှ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းမျိုး၊ ကူညီနိုင်တာရှိရင် ကူညီပေးဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာနဲ့ ကုမ္ပဏီ အောင်မြင်ဖို့အတွက် ဆုတောင်းပေးရပါမယ်။ အလုပ်ရှင်ဟောင်းနဲ့ ကောင်းမွန်တဲ့ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့တယ်ဆိုရင် ကိုယ့်ကို ထောက်ခံပေးတဲ့စာမျိုးကိုပါ တောင်းဆိုအရယူထားပါ။
တခြားလုပ်ဖော်ကိုင်ဖက်တွေကို လုပ်လက်စအလုပ်ကို လွှဲခဲ့ပါ။ စီးပွားရေးအရ ဆက်နွယ်နေသူတွေကိုလည်း ဒီကုမ္ပဏီက အလုပ်ထွက်လိုက်ပြီဆိုတာကို အီးမေးလ်နဲ့ အကြောင်းကြားပါ။

(၆)အလုပ်သစ်မစခင် အားလပ်ရက်ယူပါ။

အလုပ်အသစ်မှာ စဝင်ဝင်ချင်း ခွင့်ရက်တွေ ရဖို့ အခက်အခဲရှိကောင်းရှိပါလိမ့်မယ်။ ဒါကြောင့် အလုပ်သစ်မဝင်ခင်မှာ တစ်ပတ်တန်သည်၊ နှစ်ပတ်သည် အနားယူပါ။ ခရီးထွက်ပါ။ ဒါက အလုပ်သစ်ဝင်ဖို့အတွက်လည်း အင်အားဖြစ်စေမှာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top