အမြင်အာရုံမသန်စွမ်းပေမယ့် ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်န်ိုင်ခဲ့သူ

အမြင်အာရုံမသန်စွမ်းပေမဲ့ ကွန်ပျူတာနဲ့ဖုန်းပြုပြင်ရေးဆိုင်ဖွင့်န်ိုင်ခဲ့သူ ကိုခင်မောင်သန်း (ခ) ကိုပိုင်ဟိန်းထွန်းက မွေးရာပါ အမြင်အာရုံမသန်စွမ်းသူဖြစ်ပေမဲ့ ဘဝကို အရှုံးမပေးဘဲ ကြိုးစားလာခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းကစလို့ ကွန်ပျူတာနဲ့ဖုန်းပြုပြင်ဆိုင်လေးကို ဖွင့်နိုင်ခဲ့တာပါ။

“မျက်မမြင်တွေအသုံးပြုတဲ့ ဆောဝဲလ်နဲ့ပြင်ပေးတာပါ။ ဒီအလုပ်လုပ်ကိုလုပ်ရတာ ပျော်တယ်” လို့လည်း သူကပြောပါတယ်။

သူက မိခင်မျိုးရိုးလိုက်တဲ့အတွက် အခုလို အမြင်အာရုံမသန်စွမ်းသူတစ်ယောက်ဖြစ်ရတာပါ။ အမြင်အာရုံပြန်ရရှိအောင် နှစ်ကြိမ်လောက်ကြိုးစားခဲ့ဖူးတယ်လို့သူက ဆိုပါတယ်။

အစိုးရကျောင်းမတက်ရောက်ဖူးပေမယ့် ဖခင်ဖြစ်သူက အိမ်မှာ ၁၀ တန်းစာအထိသင်ပေးခဲ့ပါတယ်။ “ဖခင်သေဆုံးခါစ အချိန်တွေက ဘဝရဲ့အခက်အခဲဆုံးအချိန်တွေ”လို့သူကပြောပါတယ်။ အခုဆိုသူက ဖခင်တစ်ဦးတောင်ဖြစ်တော့မှာပါ။

ရင်သွေးနဲ့ပတ်သတ်တဲ့ မျှော်လင့်ချက်တွေလည်း သူမှာရှိနေပါပြီ။ “ကျွန်တော့်ကလေးကို ကျွန်တော့်လို မဖြစ်စေချင်ဘူး။ သူ့ကိုကံကောင်းစေချင်တယ်” လို့လည်း သူက ပြောခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top