ဆယ်စုနှစ်အတွင်း မြန်မာ့လက်ဝှေ့လောကရဲ့ အပြင်းထန်ဆုံးနဲ့အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တဲ့ မြန်မာပြည်ချန်ပီယံလုပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာပါ။
အဲဒီပွဲစဉ်မှာ မြန်မာပြည်ချန်ပီယံဟောင်း ထွန်းထွန်းမင်းက လက်ရှိချန်ပီယံ ဒေဗ့် (ဒေဝ) ကို စိန်ခေါ်ထိုးသတ်သွားမှာဖြစ်ပါတယ်။
ထွန်းထွန်းမင်းနဲ့ဒေဗ့်တို့ဟာ မြန်မာပြည်ချန်ပီယံလုပွဲမှာ ၂ ကြိမ်တိုင်တွေ့ဆုံခဲ့ဖူးပြီး ပထမအကြိမ်ယှဉ်ပြိုင်မှုမှာ သရေကျခဲ့ကာ ဒုတိယအကြိမ်ယှဉ်ပြိုင်ထိုးသတ်မှုမှာတော့ ထွန်းထွန်းမင်းက ရှုံးနိမ့်ထားခဲ့တာပါ။ အခုပွဲကတော့ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံကြတဲ့ တတိယမြောက်ပွဲစဉ်ဖြစ်ပါတယ်။
ထွန်းထွန်းမင်းက ဝိတ်တန်း ၇၈ ကီလို၊ အရပ် ၅ပေ ၉ လက်မရှိပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲပေါင်း ၆၂ ပွဲမှာ ၄၉ ပွဲနိုင်၊ ၁၁ ပွဲ သရေ၊ နှစ်ပွဲရှုံး ယှဉ်ပြိုင်ထိုးသတ်ထားတာပါ။ သူဟာ ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံဟောင်းတစ်ဦး ဖြစ်ခဲ့သလို Air KBZ အောင်လံဆုရှင်လည်းဖြစ်ပါတယ်။
Team (ရိုးရာလေး)