အစာအိမ်ချင်းဆက်နေတဲ့ အမွှာလေး နှစ်ယောက်ကို အခမဲ့ ခွဲစိပ်ပေးမှု အောင်မြင်

48165541_396854461058522_8876342055182270464_n.jpg

အလေးချိန် ၇ ပေါင်ရှိတဲ့ အသက်သုံးရက်သား အမွှာလေးနှစ်ယောက်ဟာ အစာအိမ်နေရာချင်းဆက်ပြီး မွေးလာခဲ့တာကြောင့် အိန္ဒိယနိုင်ငံက ဆရာဝန်တွေဟာ ဒီကလေးနှစ်ယောက်ကို အကောင်းဆုံး ကြိုးစားပြီး ခွဲစိတ်ပေးခဲ့ကြပါတယ်။

ငါးနာရီကျော်ကြာတဲ့ ဒီခွဲစိပ်မှုဟာ ခက်ခက်ခဲခဲအောင်မြင်ခဲ့ပြီး ဒီမိန်းကလေးနှစ်ယောက်ဟာ တစ်ပတ်ကြာရင် အိမ်ပြန်နိုင်တော့မှာပါ။ အမွှာလေးတွေကို အူတာပရာဒက်ရှ်၊ ဗာရာဏသီမြို့က ဆေးရုံမှာ ခွဲစိပ်ခဲ့ပြီး မိဘတွေက ဆင်းရဲတဲ့အတွက် ပိုက်ဆံမတတ်နိုင်တာမို့ ငွေကြေး လုံးဝမယူဘဲ ခွဲစိပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံက လက်ထောက်ပါမောက္ခတစ်ဦးက ဒီခွဲစိပ်မှုဟာ ဆေးရုံရဲ့ အရှားပါးဆုံး ခွဲစိတ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ ‘ကလေးတွေဟာ အားနည်းနေပြီး ဒီလောက် အချိန်ကြာကြာ ခွဲစိပ်မှု လုပ်ပေးတာတောင်မှ ကလေးနှစ်ယောက်လုံး အသက်ရှင်လို့ ကျွန်တော် အရမ်းပျော်ပါတယ်’ လို့လည်း ပါမောက္ခက ဆိုပါတယ်။

ခွဲစိပ်မှုကို ဒီဇင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး ခွဲစိတ်ဆရာဝန် ၅ ဦး၊ ဆရာဝန် ၁၀ ဦးနဲ့ သူနာပြု ၁၅ ဦး တို့က ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ အမွှာလေးတွေ မွေးဖွားလာရင် အရေပြားတွေ၊ အတွင်းအင်္ဂါတွေ ဆက်နေတယ်ဆိုတာ ရှားပါးလှပါတယ်။ ဒီလိုဆက်ပြီးမွေးဖွားလာတာဟာ မွေးဖွားမှု ၂၀၀,၀၀၀ မှာ တစ်ခါလောက်ပဲ ဖြစ်နိုင်ပြီး ခန္ဓာကိုယ်ချင်း ဆက်နေတဲ့ အမွှာတွေမှာ မိန်းကလေး အမွှာတွေက ယောက်ျားလေး အမွှာတွေထက် အသက်ရှင်နိုင်ချေ သုံးဆ ပိုများပါတယ်။

Ref: www.elitereaders.com “Surgeons share a celebratory selfie after successfully separating three-day-old conjoined twins in a pain-staking operation”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top