စာသင်ရင်း ညီမလေးကိုပါ ထိန်းနိုင်တဲ့အတွက် လူမှုကွန်ယက်မှာ ချီးကျူးခံနေရတဲ့ ၁၀ နှစ် သမီးလေး

31.5.24-yyl-3.jpg

ထိုင်းနိုင်ငံက အသက် ၁၀ နှစ်အရွယ် ကောင်မလေးဟာ ကျောင်းသူတာဝန်ရော အစ်မတာဝန်ရောပါ ကျေပွန်အောင် လုပ်ဆောင်ခဲ့တဲ့အတွက် လူမှုကွန်ယက်မှာ လူပြောများခဲ့ပါတယ်။ အခုလအစောပိုင်းက ဆရာမတစ်ဦးဟာ ၁၈ စက္ကန့်ရှိတဲ့ အဲ့ဒီကျောင်းသူလေးရဲ့ဗီဒီယိုကို တင်ခဲ့ပြီးတဲ့နောက် လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

အဲ့ဒီဗီဒီယိုမှာ နာမည်ပြောင် ဂရင်းလို့ သိရတဲ့ အဲ့ဒီကျောင်းသူလေးကို အခြားအတန်းဖော်တွေနဲ့ ကျောင်းစာရေးရင်း လက်တစ်ဖက်နဲ့ ၁ နှစ်အရွယ် ညီမလေးကိုလည်း ထိန်းနေတာတွေ့ရပါတယ်။
ဂရင်းက မိသားစုထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့မိခင်ဖြစ်သူ အလုပ်လုပ်နေရတဲ့အချိန် သူ့ညီမလေးကို ထိန်းဖို့ တာဝန်ပေးထားတယ်လို့ ဗီဒီယိုတင်တဲ့ ဆရာမက ဆိုထားပါတယ်။ ဗီဒီယို Caption မှာ “အခြားဆရာ/ဆရာမတွေ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရမလဲ မသိဘူး။ ဒါပေမဲ့ ဘာကိစ္စပဲရှိရှိ အတန်းမပျက်ဖို့ ကျွန်မရဲ့တပည့်တွေကို အမြဲပြောဖြစ်ပါတယ်”တဲ့။

ညီမလေးကို ထိန်းရင်း သင်ခန်းစာတွေကို အာရုံစိုက်နိုင်စွမ်းရှိတဲ့ ဂရင်းကို လူမှုကွန်ယက်အသုံးပြုသူတွေကလည်း ချီးကျူးနေကြပါတယ်။ ဂရင်းက ထိုင်းနိုင်ငံအလယ်ပိုင်းရှိ Prachin Buri မှာ ရှိတဲ့ Ban Klong Kaem Cham School မှာ တက်ရောက်နေတာပါ။

Ref: 10-Year-Old Thai Student Praised For Feeding Baby Sister While Attending Class

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top