ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်၊ သေဆုံးသူ ၅၀၀,၀၀၀ ကျော် ရှိလာ

29-6-2020-yyl-001.jpg

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အသက်ဆုံးရှုံးသူ ၅၀၀,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိလာခဲ့ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဝက်လောက်က အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ကူးစက်ခံရတာပါ။ အမေရိကတိုက် နိုင်ငံတွေမှာလည်း COVID-19 ကူးစက်ခံရသူတွေ တဟုန်ထိုးမြင့်တက်နေပါတယ်။

အာရှတောင်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေပါတယ်။ ဒါပေမဲ့ ဇူလိုင်လကုန်အထိ ကူးစက်ပျံ့နှံ့မှုအမြင့်ဆုံးကာလ ရောက်မှာမဟုတ်သေးဘူးလို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၆ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်သန်းရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ ၂.၅ သန်းရှိနေပြီး လူ ၁၂၅၀၀၀ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပိတ်ဆို့မှုစည်းမျဉ်းတွေ ပြန်လည်ဖြေလျှော့ပေးခဲ့တဲ့ အမေရိကန် ပြည်နယ်တွေမှာ ကူးစက်မှုသစ်တွေ စံချိန်တင်မြင့်တက်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ ဘရာဇီးနိုင်ငံမှာ ကူးစက်ခံရသူ ၁.၃ သန်းရှိပြီး သေဆုံးသူ ၅၇၀၀၀ ရှိနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top