လူတစ်ထိုင်စာ ဧရာမကြက်ကြီးမျိုးတွေ မွေးတဲ့ ဘရာဇီးမွေးမြူရေးခြံ

15.9.23-yyl-15.jpg

ဘရာဇီးနိုင်ငံသား ရူဘင်ဘရက်ဇ်က ကြက်မွေးရတာကို ဝါသနာထုံသူပါ။ သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကစပြီး ဝါသနာအရ အိန္ဒိယကြက်ကြီးမျိုးတွေကို မွေးမြူခဲ့ပြီး အခုအခါမှာတော့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ထူထောင်နိုင်ခဲ့ပါပြီ။

အိန္ဒိယကြက်ကြီးမျိုးဟာ ၁၂၀ စင်တီမီတာအထိ မြင့်မားပြီး လူတစ်ထိုင်စာအရွယ် ရှိကြပါတယ်။ ကြက်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၄၁၀၀ ကျော် ( မြန်မာငွေ သိန်း ၁၄၀ ကျော်)အထိ ရလေ့ရှိပြီး အခြားကြက်မွေးမြူရေးသမားတွေကလည်း အိန္ဒိယကြက်ကြီးမျိုး မွေးမြူဖို့ စိတ်ဝင်စားနေကြပါတယ်။ အိန္ဒိယကြက်ကြီးမျိုးကို ကြက်မျိုးစိတ်သစ်အဖြစ် တရားဝင် သတ်မှတ်နိုင်ဖို့ တင်ပြထားပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြက်၊ ဘဲ၊ ငန်း၊ ကြက်ဆင်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး BRF ၊ JBS တို့လို အသားထုတ်ပိုးမှုကုမ္ပဏီကြီးတွေ အခြေစိုက်ရာ နိုင်ငံလည်း ဖြစ်ပါတယ်။

ရူဘင်ဘရက်ဇ်ရဲ့ အိန္ဒိယကြက်ကြီးမျိုး မွေးမြူရေးခြံမှာ ကြက်အကောင်ရေ ၃၀၀ ကျော်ရှိပြီး တခြားမွေးမြူရေးသမားတွေအတွက် ပိုးသတ်ထားတဲ့ ကြက်ဥတွေ ရောင်းချပေးဖို့ အဓိကထား လုပ်ဆောင်လျက်ရှိပါတယ်။

Ref: Brazilian farmer’s giant rooster hobby hatches into profitable business

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top