K-pop Survival Show Produce 101 Season1 က မွေးထုတ်ခဲ့တဲ့ I.O.I အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်မှု ဖျက်သိမ်းခဲ့ရတဲ့ အမျိုးသမီးအဆိုအဖွဲ့ပါ။ သူတို့အဖွဲ့ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မေလမှာ ပရိသတ်ရှေ့မှောက်ပြန်လည်ရောက်ရှိလာတော့မှာပါဖြစ်ပါတယ်။
၉ နှစ်အကြာမှာ I.O.I အဖွဲ့က အဖွဲ့ဝင်တွေဖြစ်တဲ့ ကင်ဆယ်ဂျောင်၊ ကင်ချွန်ဟာ၊ ဂျွန်ဆိုမီ၊ ဂျောင်ချေယွန်း၊ ကင်ဒိုယွန်း၊ လင်နာယောင်း၊ ကင်ဆိုဟေး၊ ချွဲယူဂျောင်း၊ ယူယွန်းဂျောင်းတို့နဲ့ ပြန်လာတော့မယ်ဆိုတာကို အတည်ပြုထားပါတယ်။ ကန်မင်းအာနဲ့ ကျိုးကျဲချောင်တို့ကတော့ ပြန်ပါဝင်လာမှာမဟုတ်ပါဘူး။
ဆိုးလ်ဖျော်ဖြေပွဲနဲ့ အာရှဖျော်ဖြေပွဲစဉ်တွေမတိုင်ခင် အယ်လ်လမ်အသစ်ထွက်ရှိမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မကြေညာသေးပါဘူး။
I.O.I အဖွဲ့ကို Whatta Man ၊ Very Very Very သီချင်းတွေနဲ့ သိကြပါတယ်။ အဖွဲ့ဖျက်သိမ်းပြီးတဲ့နောက်မှာ အဖွဲ့ဝင်တွေက တစ်ကိုယ်တော် (ဒါမှမဟုတ်) အခြားအဖွဲ့ဝင်အဖြစ် ပွဲထွက်ခဲ့ကြပါတယ်။ ဆယ်ဂျောင်၊ ချေယွန်း၊ ဆိုဟေး၊ နာယောင်း၊ မင်းအာ၊ ဒိုယွန်း၊ ကျဲချောင်တို့ဆိုရင် သရုပ်ဆောင်အဖြစ်လည်း အနုပညာအလုပ်တွေလုပ်ကိုင်နေကြပါတယ်။
Ref: 1st Produce 101 group I.O.I to reunite in May, hold Asia tour
WL (ရိုးရာလေး)

