ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးရံပုံငွေအတွက်ပြုလုပ်တဲ့ ဂစ်တာလေလံပွဲ

26fa1c0cee5be0ac3f57a217be617ebe47c04f3e-16x9-x150y224w639h360.jpg

ကမ္ဘာကျော် အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ Pink Floyd ရဲ့ ဂစ်တာသမား၊ အဆိုတော်နဲ့ တေးရေးဆရာ ဒေးဗစ် ဂီးလ်မောရ် (David Gilmour) ဟာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် ရံပုံငွေရှာဖွေပေးဖို့ရည်ရွယ်ပြီး သူ့ရဲ့ဂစ်တာတွေကို ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက ဒေါ်လာ (၂၁) သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် ရံပုံငွေရှာဖွေပေးဖို့ရည်ရွယ်ပြီး သူ့ရဲ့ဂစ်တာတွေကို ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက ဒေါ်လာ (၂၁) သန်းနဲ့ လေလံတင်ရောင်းချခဲ့

ကမ္ဘာကျော် အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ Pink Floyd

ဒီဂစ်တာတွေကို တာဝန်ယူရောင်းချပေးခဲ့တဲ့ လေလံလုပ်ငန်း Christie ကတော့ အခု Gilmour ရဲ့ဂစ်တာတွေကိုရောင်းချမှုဟာ ဂစ်တာအလုံးရေအများဆုံး လေလံတင် ရောင်းချမှုတစ်ခုဖြစ်ကြောင်း ဆိုထားပါသေးတယ်။ လေလံတင်ရောင်းချတဲ့ဂစ်တာ (၁၂၆) လုံးထဲမှာ အထူးခြားဆုံးက Gilmour ၁၉၇၀ ခုနှစ်မှာဝယ်ယူခဲ့ကာ Dark Side of the Moon သီချင်းတီးခတ်ရာမှာအသုံးပြုခဲ့တဲ့ အမေရိကန်ဒေါ်လာ (၄) သန်းနီးပါးတန်ကြေးရှိ Black Strat ဂစ်တာဖြစ်ပြီး ကြမ်းခင်းဈေး ဒေါ်လာ (၁၅၀,၀၀၀) သတ်မှတ်ထားပါတယ်။

အခု Gilmour ရဲ့ဂစ်တာတွေကိုရောင်းချမှုဟာ ဂစ်တာအလုံးရေအများဆုံး လေလံတင် ရောင်းချမှုတစ်ခုဖြစ်

ClientEarth အတွက် ရံပုံငွေရှာဖွေပေးဖို့ရွေးချယ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး Gilmour က “ရာသီဥတုပြောင်းလဲမှုဟာ လူသားတွေရင်ဆိုင်ကြရသမျှတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ အခုမပြင်နိုင်ရင် ဒီအကျိုးဆက်ကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့အားလုံးခံစားရပါလိမ့်မယ်” လို့ ပြောပြခဲ့ပါတယ်။

ဒေးဗစ် ဂီးလ်မောရ် (David Gilmour)

ClientEarth ရဲ့ CEO ဂျိမ်းစ် သော်ရ်န်တန် (James Thornton) က ဒီလေလံပွဲဟာ အများအတွက်တကယ်အကျိုးရှိစေတဲ့ သမိုင်းဝင်လေလံပွဲတစ်ခုပါပဲ လို့ ချီးကျူးပြောကြားခဲ့သလို Gilmour ကလည်း အနာဂတ်မျိုးဆက်တွေအတွက် ပိုကောင်းမွန်တဲ့ကမ္ဘာတစ်ခုကို ဖန်တီးချန်ရစ်ပေးခဲ့နိုင်ဖို့လိုအပ်ပြီး သာယာတဲ့ဂီတသံတွေနဲ့ လွှမ်းနေစေချင်ကြောင်း တွစ်တာကနေ ပြောခဲ့ပါတယ်။

Ref: NBCNews “Pink Floyd’s David Gilmour auctions guitars for $21 million to fight climate change”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top