မင်းသားချောကင်ဆိုးဟွန်ရဲ့ပုံတူ 3D ဒီဂျစ်တယ်လူသား ထုတ်လုပ်မယ်

22.12.2021yyl5.jpg

ဒီဇင်ဘာ ၂၁ ရက်နေ့က ဖျော်ဖြေရေးကုမ္ပဏီ Gold Medalist ဟာ EVR Studio ဒီဂျစ်တယ်တိုးတက်ရေးကုမ္ပဏီနဲ့အတူ မင်းသား ကင်ဆိုးဟွန်ရဲ့ပုံတူဒီဂျစ်တယ်လူသားထုတ်လုပ်မယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ဒီဂျစ်တယ်လူသားဆိုတာ 3D နည်းပညာနဲ့ အကောင်အထည်ဖော်ထားတဲ့ တကယ့်လူသားတွေလိုဖြစ်ပြီး တကယ့်လူတွေရဲ့မျက်နှာအသွင်အပြင်နဲ့အမူအရာတွေရှိပါတယ်။ မင်းသားကင်ဆိုးဟွန်ကို ဒီဂျစ်တယ်လူသားတစ်ယောက်အဖြစ် ထုတ်လုပ်ခြင်းဖြင့် မျိုးဆက်သစ်မီဒီယာဈေးကွက်အတွက် ကြိုတင်ပြင်ဆင်မှုရဲ့ပထမခြေလှမ်းကို လုပ်ဆောင်မှာဖြစ်ပြီး အနာဂတ်မှာ ဖျော်ဖြေရေး၊ ရုပ်ရှင်ကားတွေနဲ့ ကြော်ငြာတွေလို အမျိုးမျိုးသောနယ်ပယ်တွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

လက်ရှိရှိပြီးသား အသွင်အပြင်တွေကို မပြောင်းလဲထားတဲ့ ဒီဂျစ်တယ်လူသားတွေနဲ့မတူတာက ကင်ဆိုးဟွန်ရဲ့ဒီဂျစ်တယ်လူသားကို ကွဲပြားခြားနားတဲ့ အသက်အရွယ်အုပ်စုတွေက ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ EVR Studio ရဲ့ Hyperrealistic Digital Expression Techology ကို အသုံးပြုပြီးတော့ ကင်ဆိုးဟွန်ရဲ့ဒီဂျစ်တယ်လူသားက တကယ့်လူသားတွေမှာတွေ့ရတဲ့ အသားရေ၊ ကြွက်သားနဲ့ အသံတွေလို ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ထင်ဟပ်စေမှာဖြစ်ပါတယ်။

Gold Medalist ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက “ဒီဂျစ်တယ်လူသားဈေးကွက်က မြန်မြန်ဆန်ဆန်တိုးတက်နေတဲ့အတွက် ဒီဂျစ်တယ်ပုံတူလုပ်ပိုင်ခွင့်က ဒီဂျစ်တယ်လူသားတွေကို အသုံးချနိုင်တဲ့ အမျိုးမျိုးသေားနယ်ပဘ်တွေမှာ ဒီဂျစ်တယ်အကြောင်းအရာ IP နဲ့အတူ အရေးကြီးတဲ့‌သော့ချက်ဖြစ်လာပါလိမ့်မယ်။ အနုပညာရှင်ရဲ့ဒီဂျစ်တယ်လူသားက တကယ့်လူသားတစ်ယောက်လို ဆွဲဆောင်မှုရှိစွာနဲ့ အများပြည်သူတွေကို တင်ဆက်ပေးပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Ref: Allkpop “Actor Kim Soo Hyun to be produced as a 3D digital human”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top