ရန်ပုံငွေရှာဖို့အတွက် အမေရိကန်အနှံ့ စကိတ်ဘုတ်စီးခဲ့တဲ့ ပထမဆုံးအမျိုးသမီး

ခေမသျျ.png

ဘရိုကီ ဂျွန်ဆန်ဟာ အမေရိကန်အနှံ့ စကိတ်ဘုတ်စီးတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဘရိုကီက ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Monica ကမ်းခြေကနေ စတင်ခဲ့ပြီး ရက်ပေါင်း ၁၁၉ ရက်နဲ့ မိုင်ပေါင်း ၃၂၆၆ မိုင်ကြာပြီးနောက်မှာတော့ ဗာဂျီးနီးယားကမ်းခြေမှာ ပြီးခဲ့တဲ့ သောကြာနေ့က အဆုံးသတ်ခဲ့ပါတယ်။

ဘရိုကီဟာ ပြီးခဲ့တဲ့နှစ်မှာ ကျောရိုးထိခိုက်ဒဏ်ကြောင့် သေဆုံးသွားခဲ့တဲ့ သူ့ရဲ့ပထွေး ရော်ဂျာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောရိုးသုတေသနဖောင်းဒေးရှင်းတစ်ခုဖြစ်တဲ့ Wings for Life အတွက် ရန်ပုံငွေရှာပေးဖို့ ဒီစိန်ခေါ်မှုကို လုပ်ဆောင်ခဲ့တာပါ။

ဆိုးရွားတဲ့ ရာသီဥတုကစလို့ ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်အခြေအနေအထိ ဘရိုကီဟာ အတားအဆီးတိုင်းကျော်ဖြတ်ပြီးတော့ စံချိန်သစ်တင်ကာ ရန်ပုံငွေ ဒေါ်လာ ၅၀၀၀၀ ရရှိခဲ့ပါတယ်။

သူ့ပထွေးမသေဆုံးခင်က နောက်ဆုံးမျဉ်းအထိ သူတို့နှစ်ဦး အတူဖြတ်ကျော်ဖို့မျှော်လင့်ထားခဲ့တာပါ။ ဘရိုကီက ဝီးချဲနဲ့ ရော်ဂျာကို တွန်းပြီး စကိတ်စီးပြီးတော့ပါ။ သောကြာနေ့က Red Bull နောက်ဆုံးမျဉ်းကို ဖြတ်ကျော်တဲ့အချိန် ရော်ဂျာရဲ့ပြာတွေထည့်ထားတဲ့ အသည်းပုံလည်ဆွဲကို ဘရိုကီက ဆွဲထားခဲ့ပါတယ်။ ဘရိုကီက အခုလိုပြောထားပါသေးတယ်။ “ရော်ဂျာက ကျွန်မ့ကို ရည်ရွယ်ချက်တွေနဲ့ ထားခဲ့တယ်။ အဲ့ဒီအတွက် သူ့ကို နေ့တိုင်း ကျေးဇူးတင်နေခဲ့တာပါ”တဲ့။

Ref: 1st woman to skateboard across US raises $50K for spinal cord injury research

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top