အယ်ဆာဗေးဒိုးနိုင်ငံမှာ အပူပိုင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံး

2-6-2020-yyl-020.jpg

အယ်ဆာဗေးဒိုးနိုင်ငံမှာ အပူပိုင်းမုန်တိုင်း အမန်ဒါ(Amanda) ဝင်ရောက်တိုက်ခိုက်လို့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။ အင်အားပြင်းမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အယ်ဆာဗေးဒိုးသမ္မတ ဘူကီလီက ၁၅ ရက်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိတယ်လို့ ဘူကီလီက ပြောပါတယ်။ နေအိမ်ပြိုကျပျက်စီးခဲ့လို့ ခိုလှုံရေးစခန်းတွေမှာ ခိုလှုံနေရသူ ထောင်ပေါင်းများစွာရှိပါတယ်။

အမန်ဒါမုန်တိုင်းဟာ ဒီရာသီအတွင်း ပစိဖိတ်သမုဒ္ဒရာကို ဝင်ရောက်တိုက်ခတ်တဲ့ ပထမဆုံးအမည်ရှိ မုန်တိုင်းဖြစ်ပါတယ်။ အမန်ဒါမုန်တိုင်းက ဂွာတီမာလာနိုင်ငံရှိရာ မြောက်အရပ်ကို ဦးတည်သွားချိန်မှာ အားပျော့သွားပေမဲ့ မက္ကဆီကိုပင်လယ်ကွေ့မှာ တစ်ကျော့ပြန်အားကောင်းလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေကို သတိပေးထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top