ဘိုးဘွားရိပ်သာမှာ ဆုံရင်း ချစ်သူဖြစ်သွားတဲ့ အသက် ၈၀ အရွယ် အဘိုးအိုနဲ့ ၂၃ နှစ်အရွယ် မိန်းကလေး

12.6.2024-yyl-3.jpg

ဘိုးဘွားရိပ်သာမှာ ဆုံစည်းရင်း ချစ်ကြိုက်သွားကြတဲ့ အသက် ၈၀ အဘိုးအိုနဲ့ အသက် ၂၃ နှစ်အရွယ် မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းက တရုတ်လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။ ရှောင်ဖန်း (အမည်ပြောင်း)ဟာ ဟီပေပြည်နယ်က ဘိုးဘွားရိပ်သာမှာ လုပ်အားပေး ဝင်လုပ်ရင်း အဘိုးအို မစ္စတာလီနဲ့ ဆုံစည်းခဲ့ကြတာပါ။

ဝါသနာတူ၊ စိတ်ဝင်စားရာတွေ တူညီတဲ့ သူတို့နှစ်ဦးဟာ အချိန်တိုအတွင်း ရင်းနှီးသွားရာမှတစ်ဆင့် ချစ်သူတွေ ဖြစ်သွားတာပါ။ ရှောင်ဖန်းက မစ္စတာလီရဲ့ ရင့်ကျက်မှု၊ တည်ငြိမ်မှု၊ အမြော်အမြင်ကြီးမှုတွေကို သဘောကျပြီး မစ္စတာလီကတော့ ရှောင်ဖန်းရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ အကြင်နာရှိမှုကို တွယ်ငြိမိတာပါ။ အသက်အရွယ်ချင်း ကွာလွန်းတာကြောင့် ရှောင်ဖန်းရဲ့ မိဘတွေက သူတို့ချစ်ခြင်းကို သဘောမတူပါဘူး။ မစ္စတာလီကို အဆက်ဖြတ်ဖို့ ဖိအားပေးကြပါတယ်။

ဒီအကြောင်းဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာမှာ အလွန်လူပြောများခဲ့ပြီး သဘောထား ကွဲလွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ တချို့တွေက ကိုယ့်အဘိုးအရွယ်နဲ့ ချစ်နေတဲ့ ရှောင်ဖန်းကို လုံးဝနားမလည်နိုင်ဘူးလို့ ဆိုကြသလို တချို့ကလည်း သူ့ရဲ့သတ္တိနဲ့ ပြတ်သားမှုကို ချီးကျူးခဲ့ကြပါတယ်။ ရှောင်ဖန်းဟာ မစ္စတာလီရဲ့ ငွေကြေးကို မက်မောလို့ ဟန်ဆောင်ချစ်ပြနေတာလို့ တချို့က စွပ်စွဲကြပေမဲ့ မစ္စတာလီဟာ ချမ်းသာကြွယ်ဝသူမဟုတ်ဘဲ ပင်စင်လစာလေးကိုပဲ မှီခိုအားထားနေရသူဖြစ်ပါတယ်။

ဘယ်သူတွေက ဘယ်လိုပဲ မှတ်ချက်ပေးပေး မစ္စတာလီနဲ့ ရှောင်ဖန်းကတော့ ဘဝလက်ကျန်အချိန်တွေကို ချစ်ခြင်းမေတ္တာကိုယ်စီနဲ့ ဖြတ်သန်းသွားနိုင်ဖို့ပဲ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Ref:23-Year-Old Woman Marries 80-Year-Old Man, Sparks Controversy

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top